ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှ အဆိုတင်သွင်းပါက သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်မင်ရင်းနှီးပြီး နိုင်ငံရေးပြိုင်ဖက်ကောင်းများဖြစ်ကြောင်းလည်း ဆိုကာ “တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားအတွက် ဒီနေ့၊ မနက်ဖြန်နဲ့ အနာဂတ်တွေမှာ သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော် အဆင်သင်ရှိတယ်” ဟု ဝါရှင်တန်သို့ အလည်အပတ်ရောက်နေသော ဦးရွှေမန်းက သတင်းထောက်များကို ပြောကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။