• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ဖွဲ့စည်းပုံ ပြင်ဆင်မှသာ အပစ်ရပ် လက်မှတ်ထိုးမည်

by နန်းလွင်နှင်းပွင့်
5 May 2015
in Ethnic Issues
A A
ပန်ဆန်း ညီလာခံ , “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် , UWSA , တိုင်းရင်းသား , ငြိမ်းချမ်းရေး , အပစ်အခတ်ရပ်စဲရေး

ပန်ဆန်းညီလာခံ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

6.9k
VIEWS
Share on FacebookShare on Twitter

စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာလျှင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်မှတ်ရေးထိုးလိမ့်မည်ဖြစ်ကြောင်း “ဝ” ပြည် သွေးစည်းညီညွတ် ရေးတပ်မတော်(UWSA) ၏ စစ်ဦးစီးချုပ် ပေါက်ယူချန်းက မေလ ၄ ရက်နေ့တွင် ပြောဆိုသည်။

“ဘယ်လိုပဲ ပြောပြော အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ဒါက အဓိက Main ပဲ ၊ ဒီလို ပြင်ဆင်နိုင်မှလည်း တိုင်းရင်းသားအားလုံး လက်ခံနိုင်မယ့် သဘောရှိတယ်။ ကျနော်တို့ “ဝ” အဖွဲ့အစည်းကလည်း ဒီလိုပါပဲ” ဟု ပေါက်ယူချန်းက ပြောသည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
84
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
45
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
36

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်စုပေါင်း အဖွဲ့(NCCT) များအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွင် သဘောတူညီ လက်မှတ် ရေးထိုး ခဲ့ပြီဖြစ် သော်လည်း ယခု ပန်ဆန်း တိုင်းရင်းသားညီလာခံတွင် ယင်းသို့သော တိုင်းရင်းသားများ၏ သဘောထားထပ်မံ ပေါ်ထွက် လာခြင်းဖြစ်ရာ ယခု တိုင်းရင်းသားညီလာခံအပြီးတွင် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အခက်အခဲများ ထပ်မံ ရင်ဆိုင် ရဖွယ် ရှိနေ သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

လတ်တလော အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ စုပေါင်းဖွဲ့စည်းထားသော NCCT မှ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရကိ္ခုင့်တပ်မတော် (AA) ၊ ပလောင်(တအာင်း) အမျိုး သား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ ၃ ဖွဲ့က နှုတ်ထွက်ရန် အဆိုပြုချက်တရပ်လည်း ထွက်ပေါ်လာပြီး တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အချက်အလက်များကို ပြန်လည် ပြင်ဆင်ပေးရန် အဆိုပါ အဖွဲ့ ၃ ဖွဲ့က တောင်းဆိုလျက် ရှိသည်။

ရကိ္ခုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မြတ်ထွန်းနိုင်က  “ NCA ကို ပြင်ဆင်ဖို့ ကျနော်တို့ အစည်းအဝေးမှာ ပြောရတာက  ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သတ်တာတွေ အများကြီး ပါပါတယ်၊ တိုင်းရင်းသား အဖွဲ့တိုင်းက ၂၀၀၈ ကို ပြင်ကို ပြင်ရ မယ်၊ ကျနော်တို့အဖွ့ဲလည်း စာတမ်း တင်ပြထားတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို အခု ၂၀၁၅ ရွေးကောက်ပွဲ မတိုင် မီ ပြင်ဆင် ချင်တယ် ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို မပြင်နိုင်ရင် ငြိမ်းချမ်းရေးလည်း မအောင်မြင်နိုင်ဘူး “ ဟု ဧရာဝတီကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်ဘဲ NCA ကိုလက်မှတ်ထိုးပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ရည်မှန်းချက် ပျက်ပြီး ဒီမိုကရေစီ လမ်းစဉ်များ အကောင်ထည် ဖော်ရေး နှင့် နိုင်ငံ့ခေါင်း ဆောင်ရွေးချယ်ရေး တို့တွင် ကစဉ့်ကလျား ဖြစ်သွားနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

UWSA က ဦးစီးကျင်းပသော တိုင်းရင်းသားညီလာခံကို ပန်ဆန်းမြို့ တွင် မေလ ၁ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ ကျင်းပ လျက်ရှိပြီး UWSA အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး တပ်မတော် (မိုင်းလားတပ်ဖွဲ့-NDAA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့-MNDAA) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရကိ္ခုင့်တပ်မတော် (AA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO )တို့မှ ထိပ်သီးခေါင်းဆောင်များ ၊ စစ်ဦးစီးချုပ်များ တတ်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

NCCT အဖွဲ့ဝင်များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) တို့ အပါအဝင်  ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ(ကပ်ပလန်-NSCN-K) ၊ ရခိုင် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့မှာ ပန်ဆန်း ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခံရခြင်းမရှိပေ။

Your Thoughts …
Tags: UWSA
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.7k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.4k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.1k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.3k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post

သတင်းသမားများ အတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ထုတ်ဝေ

၀ရုန်းသုန်းကား ပြည်နယ်

၀ရုန်းသုန်းကား ပြည်နယ်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate