ရွေးကောက်ပွဲ သတင်းရယူမည့် မြန်မာသတင်းသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့၊ မေလ (၃) ရက်နေ့က အတည်ပြု ထုတ်ပြန်လိုက် သည်။ သတင်းသမားများအနေဖြင့် မဖြစ်မနေလိုက်နာရမည် ပုဒ်မများမဟုတ်သော်လည်း ရှောင်ရန်ဆောင်ရန်များကို မီဒီယာသမားများ ရှင်းလင်းစွာသိစေရန်၊ မဲရုံမှူးများ၊ တာဝန်ရှိသူများ အပြန်အလှန်နားလည်ဖို့ ရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းထုတ်ဝေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အဖွဲ့ဝင် ဦးဇော်သက်ထွေးကပြောသည်။ရွေးကောက်ပွဲအကြိုကာလ၊ ကျင်းပနေစဉ်နှင့် ကျင်းပပြီး ကာလများတွင် မီဒီယာသမားများ သတင်းယူရာတွင် လိုက်နာသင့်သည့် ကျင့်ဝတ်များ၊ ဆောင်ရန်ရှောင်ရန် အချက်အလက်များအပြင်၊ နိုင်ငံရေးပါတီများ၊ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ရှိသူများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ ထည့်သွင်းထားကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။