
ထိုင်းနိုင်ငံ လူကုန်ကူးခံရသူများအား တရားမဝင်းထိန်းသိမ်းရေး စခန်းများကို ၁၀ရက်အတွင်းရှာဖွေဖျက်သိမ်းပစ် ရန် ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ က ဒေသအာဏာပိုင်များကို အမိန်ပေးလိုက်တယ်လို့ ဘန်ကောက် ပိုစ်သတင်းမှာရေးသားထားပါတယ်။ ပြီးခဲ့ရက်ပိုင်းကဆွန်ခလာခရိုင်အတွင်းရှိ နေရာတခုမှ လူကုန်ကူးခံရသူများ၏ အလောင်းများတွေ့ရှိပြီးနောက် ယခုကဲ့သို့ အမိန်ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ လူကုန်ကူးခံရသူ အများစု ဘင်္ဂလားဒေရှ်နှင့် မြန်မာနိုင်ငံမှ တရားမဝင်လာရောက်သူများဖြစ်ပြီး သူတို့ကိုထိုင်းနဲ့ မလေးရှားနယ်စပ် တောထဲမှာ ထိန်းသိမ်းထားကာ မလေးရှားမှာရှိတဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေက ငွေပေးရွေးမှသာ ပြန်လွှတ်ပါတယ်။ သေဆုံးသူတွေဟာ အစာရေစာပြတ်လာတာ၊ မကျန်းမာတာ သတ်ဖြတ်ခံရတာတွေကြောင့် ဖြစ်နိုင်ပြီး၊ တရားမဝင် လူကုန်ကူးသူတွေကို ရှာဖွေဖမ်းဆီးနေရာ ဒေသအာဏာပိုင်တချို့လည်းပါဝင်နေပါတယ်။