ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာအစိုးရမှ ကောင်စစ်ဝန်ရုံး မကြာခင် ဖွင့်လှစ်တော့မည်ဟု သိရသည်။ ထို ကောင်စစ်ဝန်ရုံးကို ချင်းမိုင်မြို့လယ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးမှ ကောင်စစ်ဝန်ရုံး ဖွင့်ရေးကို မနှစ်ကတည်းက ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။ ဇင်းမယ်ခေါ် ချင်းမိုင်သည် ထိုင်းနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော် ဖြစ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အများအပြား နေထိုင်လုပ်ကိုင် စားသောက်သော မြို့လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ ကြီးစိုးစဉ်ကာလ ချင်းမိုင်မြို့သည် မြန်မာ့အရေး ဆောင်ရွက် လူပ်ရှားသူများ၊ လူမှု ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ သတင်းမီဒီယာများ ရုံးစိုက်ရာ မြို့လည်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။