• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဘာသာရေး၊ ဒီမိုကရေစီနဲ့ ခန္တီတရား ၂ ပါး (၃)

by အဲလ်ဖရက် စတီဖင်
9 May 2015
in Politics
A A
နိုင်ငံရေး

ကွန်ဖြူးရှပ်ဝါဒဆိုတာ တကြောင်းစွဲ တယူသန်ဝါဒ အမျိုးအစား မဟုတ်ဘဲ အနက်အဓိပ္ပါယ်တွေ များပြားစုံလင်စွာ ပါဝင်နေပါတယ်

4.4k
VIEWS
Share on FacebookShare on Twitter

လောကီသီးသန့်ဆိုတဲ့ စကားလုံး အသုံးအနှုန်းရယ်၊ ဘာသာရေးနဲ့ နိုင်ငံတော်ကို ခွဲခြားခြင်းဆိုတဲ့ စကားလုံး အသုံးအနှုန်းတွေကို လက်တွေ့ဘယ်လို သုံးစွဲကြသလဲဆိုတာ နားလည်ပြီးနောက်မှာတော့ အဓိပ္ပာယ်ကောက် လွဲမှားမှုတွေ အဓိကအားဖြင့် နောက်ထပ် ၃ ခုတောင် ဘာကြောင့်ရှိနေသေးလဲဆိုတာ သိဖို့လွယ်ကူသွားပါပြီ။

(၁) တကြောင်းစွဲ တရားသေအယူအဆ ။ ။ ဘာသာတရားတခုခုရဲ့ အယူအဆတွေက ဒီမိုကရေစီနဲ့ ကိုက်ညီတယ် ဒါမှမဟုတ် ဒီမိုကရေစီနဲ့ ဆန့်ကျင်တယ်ဆိုပြီး တထစ်ချ ပြောတာမျိုးက အန္တရာယ်ရှိလို့ သတိထားသင့်ပါတယ်။ တကယ်တော့ အနောက်တိုင်း ခရစ်ယာန်ဝါဒ ကိုယ်တိုင်မှာပဲ ဒီမိုကရေစီရယ် ခန္တီတရား ၂ ပါးရယ်နဲ့ ပတ်သက်ပြီး သဘောထားမျိုးစုံ ရှုထောင့်မျိုးစုံရှိပါတယ်။ သမိုင်းအချိန်တခုမှာ ကက်သလစ်ဘာသာက လစ်ဘရယ်ဝါဒ၊ အမျိုးသားနိုင်ငံ အယူအဆ၊ ခန္တီတရားနဲ့ ဒီမိုကရေစီ အယူအဆတွေကို ဆန့်ကျင်ခဲ့ဖူးပါတယ်။ ၁၃ ရာစု ကက်သလစ်တရားရုံးတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကက်သလစ်ဘာသာဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြီးအကျယ် ကျူးလွန်ခဲ့ဖူးပါတယ်။ ဂျွန်ကယ်လ်ဗင် နေထိုင်ခဲ့တဲ့ ဂျနီဗာမြို့မှာ အားလုံးအတွက် အကျုံးဝင်တဲ့ နိုင်ငံသားဖြစ်မှု မရှိခဲ့သလို ကိုယ်စားပြု ဒီမိုကရေစီပုံစံလည်း တခုမျှ မရှိခဲ့ပါ။ ဘုန်းကြီးအထက်ဘုရင် (caesaropapis) လို့ ခေါ်တွင်ခဲ့တဲ့ ဘာသာရေးအပေါ် နိုင်ငံတော် ထိန်းချုပ်စနစ်ကို လူသာရင်ဝါဒ (အထူးသဖြင့် မြောက်ပိုင်းဂျာမနီ လူသာရင်ဝါဒက) က နှစ်ပေါင်း ၃၀၀ ကျော်ကျော်လောက်ကြာအောင် ဘာသာရေးအရရော နိုင်ငံရေးအရပါ လက်ခံထားခဲ့ပါတယ်။

RelatedPosts

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

18 June 2025
70
စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

18 June 2025
34
သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

18 June 2025
94

အဲဒီလို သမိုင်းနောက်ခံ အနေအထားတွေကို လေ့လာလိုက်ပြီးနောက်မှာတော့ ကက်သလစ်ဂိုဏ်းရယ်၊ လူသာရင်ဂိုဏ်းရယ်၊ ကယ်လ်ဗင်ဂိုဏ်းရယ်မှာ ဒီမိုကရေစီ ဆန့်ကျင်ရေး အတွေးအခေါ်တွေ၊ ကျင့်ကြံလုပ်ဆောင်မှုတွေ ရှိနေတာကြောင့် ဒီမိုကရေစီတည်ထောင်ရေးမှာ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်စေတယ်လို့ ဆောင်းပါးပေါင်း မြောက်များစွာ၊ စာအုပ်ပေါင်းမြောက်များစွာ ရေးသားပြောဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ ဘာသာဝင်ထဲက ဘာသာရေး လှုပ်ရှားသူတွေ နိုင်ငံရေး လှုပ်ရှားသူတွေကပဲ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ သူတို့ဘာသာရေး အယူအဆတွေကို တွေ့ရှိလာပြီး အားကောင်းအောင် လှုံ့ဆော်ပေးကြပါတယ်။ လုပ်ထုံးလုပ်နည်းတွေကိုပါ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒီနေရာမှာ ပေါ်ထွက်လာတဲ့ သတိပေးချက်ကတော့ ရှင်းပါတယ်။ အနောက်တိုင်းမဟုတ်တဲ့ ဘာသာတရားတွေနဲ့ ဒီမိုအရေစီ အယူအဆကြား အဆက်အစပ်တွေကို စဉ်းစားသုံးသပ်တဲ့အခါ လှေနံထားထစ် တရားသေ မကောက်ယူသင့်ဘဲ ခန္တီတရား ၂ ပါးကို နိုင်ငံရေးအရ တည်ဆောက်နိုင်စေမဲ့ လိုက်လျောညီထွေဖြစ်စေမဲ့ များပြားစုံလင်တဲ့ အဓိပ္ပါယ်တွေ ဘာသာတရားတွေမှာ ပါဝင်ခြင်းရှိမရှိဆိုတာကို လေ့လာစူးစမ်းသင့်ပါတယ်။

(၂) တမူထူးခြားတဲ့ တည်ထောင်ခါစ အခြေအနေမျိုးရှိမှဖြစ်မယ် ။ ။ ရွေးကောက်ပွဲအဓိက ဒီမိုကရေစီ၊ ခိုင်မားအားကောင်းတဲ့ အရပ်ဖက်အဖွဲ့အစည်း၊ အရင်းရှင်စနစ် စတာတွေ သမိုင်းမှာ စတင်ပေါ်ပေါက်လာတုန်းက တမူထူးခြားတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ နောက်တခြား နေရာတွေမှာလည်း အောင်အောင်မြင်မြင် ထူထောင်ချင်ရင် အဲဒီလိုထူးခြားတဲ့ ကနဦး အခြေအနေတွေ ရှိထားမှ အောင်မြင်လိမ့်မယ်ဆိုတဲ့ အယူအဆပါ။ အကြောင်းအရာတခုကို စတင်တီထွင်စဉ်တုန်းက ရှိထားခဲ့တဲ့ အခြေအနေနဲ့ အဲဒီအကြောင်းအရာကိုပဲ တခြားမတူညီတဲ့ အခြေအနေတွေမှာ ပုံတူကူးချ တည်ထောင်ဖို့၊ ဒါမှမဟုတ် ပုံစံအသစ်နဲ့ တည်ထောင်အသုံးချဖို့ ဖြစ်နိုင်ချေ ရှိမရှိကို ရောထွေးစဉ်းစားလို့ ဖြစ်ပေါ်လာတဲ့ မှားယွင်းကောက်ယူမှုပါ။

The Protestant Ethic and The Spirit of Capitalism ကျမ်းထဲက မာ့ခ်စ်ဝေးဗာရဲ့ အယူအဆကို ကျနော်တို့ ဘယ်လိုပဲ နားလည်လက်ခံသည်ဖြစ်စေ ကိုရီးယား၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ကလည်း အရင်းရှင်စနစ်ကို သူတို့ကိုယ်ပိုင်ပုံစံနဲ့ အလုပ်ဖြစ်အောင် ဖန်တီးထားတယ် ဆိုတာကိုတော့ အဲဒီနိုင်ငံတွေအကြောင်း သေချာလေ့လာထားသူတွေ ဘယ်သူမှ ငြင်းမယ်မထင်ပါ။ ဒီမိုကရေစီနဲ့ ကိုက်ညီစေဖို့ အနည်းဆုံးရှိထားသင့်တဲ့ အင်စတီကျူးရှင်း လိုအပ်ချက်တွေ အကြောင်းကို အက်ဆေးအစပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလိုမျိုး ဒီမိုကရေစီစနစ်ကို ကွန်ဖြူးရှပ်ဝါဒ ဒါမှမဟုတ်၊ ဟိန္ဒူဝါဒ ဒါမှမဟုတ်၊ အော်သိုဒေါက်စ်ဝါဒ ဒါမှမဟုတ် အစ္စလာမ်ဝါဒတွေ အကြီးအကျယ် လွှမ်းမိုးခံရတဲ့နိုင်ငံတွေက သူတို့ကိုယ်ပိုင် ထင်ရှားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အသုံးပြုပြီး အတုယူတည်ထောင်ထား၊ ဒါမှမဟုတ် ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးတည်ထောင်ထားတယ် ဆိုတာကို ကြည့်ရင် “တမူထူးခြားတဲ့  တည်ထောင်ခါစ အခြေအနေရှိမှဖြစ်မယ်” ဆိုတဲ့ အယူအဆက မှားယွင်းတယ်ဆိုတာ သိသာပါတယ်။

(၃) ဘာသာရေးကို နိုင်ငံရေး အစီအစဉ်ကနေ ဖယ်ရှားခြင်း ။ ။ တရားမျှတသော လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေးနဲ့ ပတ်သက်ပြီး ခေတ်ပြိုင် လစ်ဘရယ်နိုင်ငံရေး ဒဿနပညာရှင် ဂျွန်ရောလ်စ်နဲ့ ဘရုစ်အက်ကာမင်းတို့က ရှင်းပြပြောဆိုခဲ့ရာမှာ “လစ်ဘရယ်နည်းဆွေးနွေးငြင်းခုံခြင်း” ကို ဇောင်းပေးခဲ့ပေမဲ့ “ဒီမိုကရေစီနည်းကျ အလျော့အတင်းလုပ်ခြင်း” ကိုတော့ လုံး၀ အလေးမပေးခဲ့တာကို တွေ့ရပါတယ်။ လူမှုစနစ်အရ အမြစ်တွယ်နေပြီး ကြောင်းကျိုးဆီလျော်ပေမဲ့ တဖက်နဲ့  တဖက်ဖီလာဆန့်ကျင်ဖြစ်နေတဲ့ အယူဝါဒတွေကို စွဲကိုင်ထားသူ နိုင်ငံသားတွေ ပါဝင်တဲ့ ဗဟုလူ့အဖွဲ့အစည်းတခုက အာလုံးအတွက် လွှမ်းခြုံမိတဲ့ သဘောတူညီချက်တွေ ဘယ်လို ရသွားနိုင်တယ် ဆိုတာကို ဂျွန်ရောလ်စ်က အထူးစိတ်ဝင်စားပါတယ်။

အခြေခံဥပေဒလိုမျိုး အထူးအရေးကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လာရင် လူတယောက်ချင်းက တရားမျှတမှု အယူအဆကိုသာ လွတ်လွတ်လပ်လပ် ကိုင်စွဲပြီး အနိုင်ရအောင် ဆွေးနွေးသင့်တယ်။ တရားမျှတမှု အယူအဆ ဆိုတာကလည်း ပြီးပြည့်စုံတဲ့ ဘာသာတရား တခုအတွင်းမှာသာ ရှိနေတာ မဟုတ်ဘဲ တခုနဲ့တခု ဆန့်ကျင်ဖက်ဖြစ်နေတဲ့ အယူအဆတွေ အတွင်းမှာလည်း ရှိနေပါတယ်လို့ ဂျွန်ရောလ်စ်ကက ပြောပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးအရ တရားမျှတမှု အယူအဆတွေကို လွတ်လွတ်လပ်လပ် ကိုင်စွဲကျင့်သုံးနိုင်မှပဲ ဘာသာရေးကို နေရာပေးဖို့ ပြောဆိုမှုတွေက သင့်တော် လျောက်ပတ်မယ်ဆိုတဲ့ အယူအဆပါ။

ဂျွန်ရောလ်စ်ရဲ့ ပြောဆိုဆွေးနွေးမှုတွေ ကိုယ်တိုင်က ရှေ့နောက်ညီညွတ်ပြီး သြဇာလွှမ်းမိုးမှုလည်း ရှိပါတယ်။ ဒါပေမဲ့ “ဘာသာရေးကို နိုင်ငံရေးအစီအစဉ်ကနေ ဖယ်ထုတ်ဖိ့ု” ဒီမိုကရေစီနည်းကျ အားလုံး သဘောတူညီမှုတွေကို နိုင်ငံတွေက  ဘယ်လို ရှာဖွေရယူခဲ့တယ် ဆိုတာကိုတော့ လုံးဝမပြောခဲ့သလောက်ပါပဲ။ အဆိုပါ ဖယ်ထုတ်ခဲတဲ့ နိုင်ငံတွေက  ဂျွန်ရောလ်စ် ချပေးခဲ့တဲ့ နှုန်းစံမြေပုံအတိုင်း ခရီးမဆက်ခဲ့တာတော့ ရာနှုန်းပြည့် သေချာသလောက်ပါပဲ။

နိုင်ငံရေးဆိုတာ ပဋိပက္ခတွေနဲ့ အဓိက ပတ်သက်နေပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးမှာတော့ အဓိကကျတဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး လုပ်ထုံးလုပ်နည်းတွေ ဖန်တီးပေးဖို့ ပါဝင်ပါတယ်။ အနောက်တိုင်း နိုင်ငံတွေဖြစ်စေ အနောက်တိုင်း မဟုတ်သည်ဖြစ်စေ သမ္ဘာရင့် ဒီမိုကရေစီ နိုင်ငံတွေမှာ အချိန်အများကြီးပေး ဖြေရှင်းခဲ့ရတဲ့ ပြဿနာက ဘာသာရေးပါ။ ဘာသာရေးကို အဲဒီတိုင်းပြည်မှာ ဘယ်လိုသဘောထား နေရာပေးမလဲ ဆိုတဲ့ပြဿနာပါ။ အများ ပြည်သူပါဝင်တဲ့ ဆွေးနွေးငြင်းခုံမှုတွေ စေ့စပ်ညှိနှိုင်းမှုတွေကို အချိန်အကြာကြီး လုပ်ဆောင်ပြီးနောက်မှာမှပဲ ပဋိပက္ခတွေ တော်တော်များများကို နိုင်ငံရေးအရ ထိန်းချုပ်လိုက်နိုင် အကင်းသေသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလို နိုင်ငံရေးအကြောင်း ဆွေးနွေးငြင်းခုံမှုတွေ စေ့စပ်ညှိနှိုင်းမှု အာဂျင်ဒါတွေမှာ ဘာသာရေးကလည်း အဓိကနေရာကနေ ရှိနေခဲ့ပါသေးတယ်။ နောက်ဆုံးတော့ ဒီမိုကရေစီနည်းကျ အာဏာခွဲဝေ သဘောတူညီချက် (democratic convocational agreement) တွေကို အသုံးပြုပြီးတော့ပဲ (လစ်ဘရယ် အယူအဆကို သုံးခဲ့တာမဟုတ်၊ လောကီသီးသန့် အယူအဆကို သုံးခဲ့တာမဟုတ်) ဘာသာရေးဆိုင်ရာ ကိစ္စတွေကို နိုင်ငံရေးအစီအစဉ်ကနေ နယ်သာလန်နိုင်ငံမှာ ဒီလိုနည်းနဲ့ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ သဘောတူညီချက်အရ ဘာသာအယူဝါဒတွေ အပြိုင်းအရိုင်းရှိနေတဲ့ လူမှုအသိုက်အမြုံတွေကို ငွေကြေးထောက်ပံ့မှုတွေ၊ ရပ်တည်မှုနေရာတွေ၊ တဖက်ကိုတဖက် အပြန်အလှန် ကျင့်သုံးနိုင်တဲ့ ဗီတိုအာဏာတွေ ပေးအပ်လိုက်နိုင်ပါတယ်။

အဲဒီလို သဘောတူညီချက်မျိုး ရနိုင်ဖို့အတွက်ဆိုရင် အဓိကဘာသာကြီးတွေကို ကိုးကွယ်သူတွေ အချင်းချင်းကြားမှာ ဆွေးနွေးငြင်းခုံမှုတွေ လုပ်ရစမြဲပါပဲ။  သဘောတူညီချက်ကိုရဖို့ ဦးဆောင်ဆွေးနွေးခဲ့ သူတွေကလည်း ကိုယ်နဲ့ ဘာသာချင်းတူသူတွေကို စည်းရုံးပြောဆိုရာမှာ ဘာသာတရားဘောင်ထဲကနေ လွတ်သွားတဲ့ ပုံစံမျိုးနဲ့မဟုတ်ဘဲ ကိုယ့်ရဲ့လူမှုအသိုက်အမြုံက လက်ခံထားတဲ့ ဘာသာတရား ဘောင်ထဲကနေသာ အယူအဆတွေကို ထုတ်နှုတ်ပြီး စည်းရုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီမဆန်တဲ့ ဘာသာရေး ဟောပြောပို့ချမှုတွေအောက် ကျရောက်နေသူတွေ အများကြီး မှီတင်းနေထိုင်တဲ့ နိုင်ငံတွေမှာတော့ ဒီမိုကရေစီ နှုန်းစံတန်ဖိုးတွေကို ပြန်လည်မြှင့်တင်ချင်တဲ့ ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အဓိက လုပ်ငန်းတာဝန်တခုက သူတိ့ုဘာသာဟာ တကြောင်းစွဲ တယူသန် ဘာသာမဟုတ်ဘဲ ကြောင်းကျိုးဆီလျော်တဲ့ မှန်ကန်တဲ့ အဓိပ္ပာယ် အကောက်အယူတွေ အများကြီး ရှိနေတယ်ဆိုတာ ဘာသာရေးဘောင်ထဲကနေပဲ စည်းရုံးပြောဆိုဖို့ ဖြစ်ပါတယ်။ ဘာသာရေးဘောင်ထဲကနေပဲ စည်းရုံးပြောဆိုတာက “ပြည်သူတရပ်လုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းကိစ္စတွေ အပေါ်မှာဆိုရင် လွတ်လပ်စွာဆင်ခြင်တွေးခေါ်ရမယ်” ဆိုတဲ့ ရောလ်စ်ရဲ့ သွန်သင်ချက်တွေကို ဖောက်ဖျက်သလို ဖြစ်နေပေမဲ့ ဒီမိုကရေစီကို အနက်အဓိပ္ပာယ် ကောက်ယူပုံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီနဲ့ ထိုက်တန်မတန် ဆိုတာနဲ့  ပတ်သက်ပြီး သဘောထား ကွဲလွဲနေတဲ့ လူ့အဖွဲ့အစည်းမှာတော့ သေရေးရှင်ရေးတမျှ အရေးကြီးပြီး အသုံးဝင်ပါတယ်။ လစ်ဘရယ်စိတ်ကူးတွေ အတွေးအခေါ်တွေက ဒီမိုကရေစီမှာ အရေးကြီးပါတယ်။ ဒါပေမဲ့ တခါတရံမှာ လိုအပ်ချက်ရှိလို့ လုပ်ဆောင်ရတဲ့ အများပြည်သူကြား လစ်ဘရယ်မဆန်တဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ ဒီမိုကရေစီနည်းကျ စေ့စပ်ညှိနှိုင်း ကြတာတွေကို ဘာသာရေးဆန်တဲ့ လူမှုအသိုက်အမြုံအတွင်း ခွင့်ပြုပေးဖို့ မစဉ်းစားထားဘူး ဆိုရင်တော့ နိုင်ငံရေး ဒဿနပညာကို အဓိပ္ပာယ်ကင်းမဲ့သွားစေပြီး သမိုင်းလမ်းကြောင်း ပျောက်သွားအောင်သာ လုပ်ပေးတော့မလို ဖြစ်ပါလိမ့်မယ်။ အခုတဖန် ကွန်ဖြူးရှပ်အယူဝါဒ၊ အစ္စလာမ်ဘာသာနဲ့ အရှေ့တိုင်း အော်သိုဒေါက်စ် ဘာသာတွေ  အကြီးအကျယ် လွှမ်းမိုးထားတဲ့ ယဉ်ကျေးမှုနောက်ခံ နိုင်ငံတွေမှာ အဲဒီအကြောင်းအရာတွေကို ဘယ်လို ဆွေးနွေးပြောကြသလဲ ကြည့်ရအောင်ပါ။

ကွန်ဖြူးရှပ်ဝါဒမှာ ဧကရာဇ်က ဘုရားသခင်လား

ထိုင်ဝမ် တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေမှာ ကွန်ဖြူးရှပ်ယဉ်ကျေးမှု အစိတ်အပိုင်းတွေ ထင်ထင်ရှားရှားရှိနေတယ်ဆိုတာ ကွန်ဖြူးရှပ်ဝါဒလေ့လာသူ ပညာရှင်အများစု သိပါတယ်။ စင်ကာပူနိုင်ငံမှာထက် တောင်ကိုရီးယားနဲ့ ထိုင်ဝမ်မှာ ကွန်ဖြူးရှပ်ယဉ်ကျေးမှု အမွေအနှစ် ပိုအားကောင်းခဲ့တယ်လို့လည်း သူတို့က ပြောပြပါဦးမယ်။

အပေါ်မှာ ကျနော်ပြောခဲ့တဲ့ ဒီမိုကရေစီပြည့်မှီရေး အနိမ့်ဆုံး လိုအပ်ချက်တွေကို တောင်ကိုရီးယားနဲ့ ထိုင်ဝမ်က အခုဆိုရင် ပြည့်မီသွားပြီလို့ ဒီမိုကရေစီအရေး လေ့လာသူပညာရှင် အများစုက အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ စင်ကာပူ နိုင်ငံကတော့ ဒါးလ်ပြောခဲ့တဲ့ အနိမ့်ဆုံးသတ်မှတ်ချက် ၈ ခုထဲက တဝက်ကိုတောင် မပြည့်စုံနိုင်သေးဘူး ဆိုတာကိုတော့ ပညာရှင်အစစ်အမှန် အားလုံးက မှတ်ချက်ပေးမယ် ထင်ပါတယ်။ ဒါကြောင့်မို့ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့က ဒီမိုကရေစီ ဖြစ်လာဖို့ ဝင်ခွင့်အောင်မြင်သွားပြီး စင်ကာပူနိုင်ငံကတော့ မအောင်မြင်နိုင်သေးဘူလို့ ပြောရမှာပါ။

ကမ္ဘာ့ဘာသာကြီးတွေထဲမှာ တခုကမှ တကြောင်းစွဲတယူသန် မဟုတ်ဘူး ဆိုတာကို ဆောင်းပါးအစပိုင်းမှာ ကျနော် ဆွေးနွေးခဲ့ပါပြီ။ ကျနော့်ရဲ့ အယူအဆသာ မှန်တယ်ဆိုရင် မျိုးနွယ်စုယဉ်ကျေးမှု (kin cultures) လို့ ဟန်တင်တန်ခေါ်တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျနော်တို့က အနက်အဓိပ္ပာယ်တွေအတွက် နပမ်းလုံး ယှဉ်ပြိုင်နေရပါဦးမယ်။ စင်ကာပူ နိုင်ငံရေးစနစ်ရဲ့ ပင်မဒေါက်တိုင်က အာရှတန်ဖိုးတွေပါလို့ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောခဲ့တော့ တောင်ကိုရီးယား သမ္မတ ကင်မ်ဒေးယုံနဲ့ တိုင်ဝမ်သမ္မတ လီတန်ဟွေးတို့က သူ့ကို စိန်ခါ်မေးခွန်း ထုတ်ပါတယ်။ “ကျနော်တို့က ဒီမိုကရေစီသမားတွေပါ။ ကွန်ဖြူးရှပ် အစဉ်အလာထဲက အရေးကြီးတဲ့ ဒီမိုကရေစီတန်ဖိုးတွေကို ကျနော်တို့က ဆွဲယူအသုံးပြုတယ်။ လီကွမ်ယူ၊ ခင်ဗျားကကျတော့ ကွန်ဖြူးရှပ်ဝါဒထဲက  ဒီမိုကရေစီမဆန်တဲ့ တန်ဖိုးတွေကို ဆွဲယူပြီး စင်ကာပူနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားတာကို ဆင်ခြေပေးဖို့ ကြိုးစားနေတယ်။ ကျနော်တို့က ခင်ဗျားထက် ပိုသာတဲ့ ဒီမိုကရေစီသမားတွေပါ။ ကွန်ဖြူးရှပ်ဝါဒီလည်း ပိုပီသပါတယ်။ အာရှတန်ဖိုး၊ အာရှတန်ဖိုးဆိုတာကို လိုရာဆွဲပြောပြီး အသုံးချဖို့ မကြိုးစားစမ်းပါနဲ့ဗျာ” လို့ သူတို့ ၂ ယောက်က ပြန်ပြောထားပါတယ်။

အခုဒီဆောင်းပါးမှာ ပါဝင်တဲ့ ကျနော်တို့ပြောချင်တဲ့ အဓိကအချက်ကို ကင်ဒေးယုံရဲ့ တုံ့ပြန်ချက်မှာ ရှင်းရှင်းလင်းလင်းပဲ ထောက်ပြထားပါတယ်။ လီကွမ်ယူပြောနေတဲ့ အာရှတန်ဖိုးပုံစံတွေက အာဏာပိုင်စနစ်ကို တည်ထောင်ဖို့ ဆင်ခြေပေးတဲ့ ကိုယ့်ဘက်ကိုယ်ယက် စကားတွေပါ။ ဒီမိုကရေစီနဲ့ သဘောထားကွဲလွဲမှုကို လက်ခံအားပေးတဲ့ ကွန်ဖြူးရှပ်ဝါဒ တန်ဖိုးတွေ၊ ခောတ်သစ်ကွန်ဖြူးရှပ် ဝါဒတွေကိုလည်း သူကိုယ်တိုင်ရေးတဲ့ အက်ဆေးမှာ စာမျက်နှာ ၂ မျက်နှာလောက်ပေးပြီး ဖော်ပြသွားပါတယ်။ အဲဒီနောက် “သဘောထားကွဲသူတွေအပေါ် လုံးဝသည်းမခံတတ်တဲ့ လီကွမ်ယူ” အကြောင်း၊ “လီကွမ်ယူအုပ်ချုပ်တဲ့ စင်ကာပူက ရဲအာဏာရှင်နိုင်ငံ လုံးဝဖြစ်ခါနီးနေပြီဆိုတဲ့အကြောင်း” ပြောပါတယ်။ “တခြား နေရာတွေမှာလည်း ဒီမိုကရေစီကိုစနစ်ကို အောင်အောင်မြင်မြင် တည်ထောင်ထားနိုင်တာကြောင့် အာရှမှာ တည်ထောင်လို့ မရနိုင်ဘူးလို့ မပြောနိုင်ကြောင်း”၊ “ဒါကြောင့် တည်ထောင်ခါစ တမူထူးခြားတဲ့ အခြေအနေဆိုတဲ့ အယူအဆက မှားယွင်းကြောင်း” နိဂုံးချုပ် ပြောသွားပါတယ်။

ထိုင်ဝမ်နဲ့ တောင်ကိုရီးယား သမ္မတတွေက လက်တွေ့ အနေအထားနဲ့ပဲ ကြည့်ကြည့် စံနှုန်းအနေအထားနဲ့ပဲ ကြည့်ကြည့် တခြားကွန်ဖြူးရှပ်လွှမ်းမိုး နိုင်ငံခေါင်းဆောင်တွေနဲ့ မတူဘဲကွဲပြားခြားပါတယ်။ အဲဒီလို ကွဲပြားခြားနား နေတာက မျက်မှောက်ခေတ် ဒီမိုကရေစီ သီအိုရီတွေအတွက် အလွန်တရာမှပဲ အရေးကြီးပါတယ်။ မျက်မှောက်ခေတ် ဒီမိုကရေစီကို အဓိက အဆုံးအဖြတ်ပေးတဲ့ စရိုက်လက္ခဏာတွေ အကြောင်းပြောရင် ကျနော်တို့တွေက နှိုင်းရ သဘောတရားသမားတွေ Relativists ဖြစ်နေလို့မရပါ။ ဘယ်နိုင်ငံပဲ ဖြစ်နေပါစေ၊ ဘယ်ယဉ်ကျေးမှုပဲ ဖြစ်နေပါစေ တသမတ်တည်း ဖြစ်နေတဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းနဲ့ အပြုအမူပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီမိုကရေစီ နိုင်ငံတွေထဲမှာကိုပဲ ဒီမိုကရေစီမျိုးကွဲတွေ အများအပြား ရှိနေပြီး ကွဲပြားစေတဲ့ စရိုက် လက္ခဏာတွေကလည်း ထင်ရှားကြပါတယ်။ တချို့တွေက နိုင်ငံတော်အရွယ်အစား ကြီးမားပြီး တချို့တွေကတော့ သေးငယ်ကြပါတယ်။

တချို့တွေက တသီးပုဂ္ဂလ တန်ဖိုးတွေကို လက်ခံနေရာပေးပြီး စုပေါင်းတန်ဖိုးတွေကိုတော့ ငြင်းပယ်ပါတယ်။ တချို့တွေကတော့ တသီးပုဂ္ဂလ တန်ဖိုးတွေကို လက်ခံနေရာပေးသလို စုပေါင်းတန်ဖိုးတွေကိုတော့ ပွေ့ဖက်ထောက်ခံပါတယ်။ ထိုင်ဝမ်နဲ့ တောင်ကိုရီးယား ဒီမိုကရေစီက သူတိ့ု့ရဲ့ မူကွဲစရိုက်လက္ခဏာတွေ (ငွေကြေးစုဆောင်းမှုနှုန်း မြင့်မားတာကြောင့် မိသားစုတွေက ဘိုးဘွားမိဘတွေကို ပိုပြီး ပြုစုစောင့်ရှောက်နိုင်ကြတာ၊ စီးပွားရေးကဏ္ဍမှာ နိုင်ငံတော်ကပိုပြီး တက်တက်ကြွကြွ ပါဝင်နေတာ၊ တရားဝင်နည်းလမ်းနဲ့ ပေါ်ပေါက်လာတဲ့ အာဏာကိုပိုပြီး အရိုသေးပေးတာ) ကြောင့် အမေရိကန် ဒီမိုကရေစီနဲ့ ကွာခြားနေရခြင်းဖြစ်ပြီး အဲဒီ မူကွဲ စရိုက်လက္ခဏာတွေ ဆိုတာလည်း ကွန်ဖြူးရှပ် တန်ဖိုးတွေအပေါ်မှာ အခြေခံထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါ အာရှတန်ဖိုးတွေက ဒီမိုကရေစီနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်မနေကြပါ။ တောင်ကိုရီးယား သမ္မတ ကင်ဒေးယုံနဲ့ ထိုင်ဝမ်သမ္မတ လီတန်ဟွေးတို့က ထပ်ကာတလဲလဲ မှန်မှန်ကန်ကန် ပြောထားသလိုပါပဲ၊ “သူတို့ရဲ့ သီးခြားထင်ရှားတဲ့ ဒီမိုကရေစီပုံစံမှာ အာရှတန်ဖိုးတွေက ခိုင်မာတဲ့ အင်အားအစိတ်အပိုင်းတွေ ဖြစ်နေတာပါ။”

ကွန်ဖြူးရှပ်ဝါဒဆိုတာ တကြောင်းစွဲ တယူသန်ဝါဒ အမျိုးအစား မဟုတ်ဘဲ အနက်အဓိပ္ပါယ်တွေ များပြားစုံလင်စွာ ပါဝင်နေပြီး အဲဒီအဓိပ္ပာယ်တွေကို အသုံးချနိုင်ရေးအတွက် ရုန်းကန်ကြိုးစားကြပုံကို ပေါ်လွင်အောင် ဖော်ပြတာတွေနဲ့ပဲ ဒီအကြောင်းကို နိဂုံးချုပ်မှာဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ပေါင်းချုပ်ကျမ်းကို ဆိုင်မွန်လေးရဲ့ ဘာသာပြန် လက်ရာအသစ်ထဲမှာ အဖိုးတန် မှတ်ချက်တွေကိုချည်း စာမျက်နှာ ၁၀၀ လောက် ထည့်သွင်းထားပါတယ်။ “နိုင်ငံတော်ကွန်ဖြူးရှပ်ဝါဒက ကွန်ဖြူးရှပ် ကျင့်ဝတ်ဖြစ်တဲ့ “နာခံမှု” ကို ထပ်ကာတလဲလဲ အလေးပေးပြောထားပေမယ့် အုပ်ချုပ်သူက မှန်ကန်မျှတမှု လမ်းကြောင်းကနေ သွေဖည်သွားပြီဆိုရင် “အာခံဖို့”  ကွန်ဖြူးရှပ် တာဝန်ရှိတယ်ဆိုတာကိုတော့ ဖျောက်ဖျက်ထားပါတယ်” လို့ ကျမ်းထဲမှာ မှန်မှန်ကန်ကန် ထောက်ပြထားပါတယ်။

ဒါပေမဲ့ တခြား အဆိုအမိန့်တွေကို ဖော်ပြထားရာမှာတော့ “မင်းသားကို မည်သို့ အလုပ်အကျွေးပြုရမည်ကို ဇီလာ မေးလေသည်။ ဆရာကြီးက ပြန်ဖြေသည်မှာ ‘မင်းသား စိတ်ဆိုး ဒေါသထွက်မယ်ဆိုရင်တောင် အမှန်တရားကိုပြောပြပါ’။” “ကိုယ်ကျင့်သီလကောင်းမွန်သူ၊ လူသားချင်း စာနာထောက်ထား စိတ်ရှိသူဆိုတာ လူသားအချင်းချင်းပေါ်ချနင်းပြီး အသက်မွေးဝမ်းကျောင်းတာ မလုပ်ဘူး။ လူသားတယောက်ရဲ့ ဖြစ်တည်မှုကို ဖြည့်ဆည်းဖို့ ဘဝကိုတောင်ရင်းတဲ့ ဥပမာတွေလည်း ရှိပါတယ်” လို့ သွန်သင်ပေးပြီး သဘောထား ကွဲလွဲမှုကိုလည်း ကွန်ဖြူးရှပ် အဆိုအမိန့်က ထောက်ခံ အားပေးပါတယ်။ “ဝန်ကြီးကောင်း တယောက်ဆိုတာ ‘တရား’ နောက်ကိုပဲလိုက်တယ်။ စည်းမျဉ်းစည်းကမ်းတွေကိုချည်း လိုက်နာနေတာမဟုတ်” လို့ ကွန်ဖြူးရှပ် သာဝက တဦးဖြစ်သူ ဇွန်းဇီက အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ အခါမှာလည်း အထက်ကပြောခဲ့တဲ့ သွန်သင်ချက်ကို စောင့်ထိန်းခဲ့တာပါပဲ။

နာခံမှုကိုအသားပေးတဲ့ ကွန်ဖြူးရှပ် သြဝါဒတွေကိုပဲ ရွေးချယ် အလေးပေးပြောဆိုပြီး ပြည်သူလူထု ထောက်ခံမှုကိုရယူဖို့ ခေါင်းဆောင်တွေက ရာစုနှစ်တွေနဲ့ချီ ကြိုးစားခဲ့တာကြောင့် အာဏာပိုင်စနစ်ဆန်တဲ့ နိုင်ငံတော် ကွန်ဖြူးရှပ်ဝါဒ အမွေအနှစ်တွေက ကိုရီးယားနဲ့ ထိုင်ဝမ်လို ခေတ်သစ် ဒီမိုကရေစီနိုင်ငံတွေမှာ နောင်လာမဲ့ ဆယ်စုနှစ်တွေအထိ ပျံ့နှံ့ ထွန်းကားလာပါတော့တယ်။ ဒါပေမဲ့ အဲဒီလို အမွေအနှစ်တွေက အဆိုပါနိုင်ငံတွေမှာ ဒီမိုကရေစီအုပ်ချုပ်ရေး ပေါ်ပေါက်မလာအောင် ပိတ်ပင်တားမြစ်ထားတာ မရှိပါ။ တကယ်တမ်းပြောရရင် ထိုင်ဝမ်နဲ့ တောင်ကိုရီးယားမှာ အရေးပါ အရာရောက်ဆုံး ဒီမိုကရေစီ ခေါင်းဆောင်တွေတချို့က ဒီမိုကရေစီအရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာမှာ ကွန်ဖြူးရှပ် အမွေအနှစ်ထဲက အစိတ်အပိုင်းတွေကို အသုံးပြုထားကြတယ်ဆိုတာ ကျွန်တော်တို့အားလုံး တွေ့မြင်ထားပြီးပါပြီ။

(ဆက်လက်ဖော်ပြပါမည်)

အဲလ်ဖရက် စတီဖင် (Alfred Stepan) သည် Columbia University တွင် Wallace Sayre Government Professor  ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင် ဟွမ်လင့်စ်နှင့် တွဲဖက်ပြီး Problems of Democratic Transition and Consolidation: Southern Europe, South America, and Post-Communist Europe (1996) စာအုပ်ကို ရေးသားပြုစာထားသည်။ ယခုဆောင်းပါးပါ အချက်အလက်များကို Arguing Comparative Politics (Oxford, 2001) စာအုပ်ထဲတွင် အကျယ်တဝင့်ရေးသားထားသည်။ ယခုဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ အဖွဲ့အကြောင်း ပိုမိုသိရှိနိုင်စေရန် www.eduinitiatives.org သို့ လာရောက်လေ့လာနိုင်သည်။

Your Thoughts …
အဲလ်ဖရက် စတီဖင်

အဲလ်ဖရက် စတီဖင်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အလုပ်သမား , လုပ်အားခ , လူ့အခွင့်အရေး , လုပ်ငန်းရှင် , စက်မှုဇုန် , အထည်ချုပ်

အရေးပေါ်ဖြေရှင်းရမည့် အနည်းဆုံး လုပ်ခလစာ

အရေးပေါ် ကယ်ဆယ်ရေး လိုပြီ

အရေးပေါ် ကယ်ဆယ်ရေး လိုပြီ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

7 days ago
5.1k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate