
အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ကွေ့ဒေသ ရေကြောင်းလုံခြုံရေးအတွက် နိုင်ငံစုံပူးပေါင်းဆောင်ရွက်နေရာ၌ မြန်မာရေတပ် အနေဖြင့် ပါဝင်ဆောင်ရွက်ရန် ပါကစ္စတန် ရေတပ်ဦးစီးချုပ်က Admiral Muhammad Zakaullah က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ မြန်မာ့ တပ်မတော်နှင့် ပါကစ္စတန်တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအတွက်သွားရောက်ရာတွင် ထိုသို့ ပြောဆိုခြင်းဖြစ်ပြီး၊ အလားတူ ပါကစ္စတန် တပ်မ တော် (လေ)တပ်ဦးစီးချုပ်နှင့် တွေ့ဆုံရာတွင်လည်း လေ့ကျင့်ရေးပိုင်း ဆိုင်ရာများတွင် ယခုထက်ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန် လေကြောင်း အတွေ့အကြုံများ ဖလှယ်ရန် မြန်မာလေတပ်သင်တန်းသားများ ပါကစ္စတန်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်ထားကြောင်းသိရသည်။