
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကလို့ ယူဆရတဲ့ လှေစီး ဒုက္ခသည် ၆၀၀ နီးပါးလောက်ဟာ လှေ ၄စင်းနဲ့ အင်ဒိုနီးရှား နိုင်ငံ အာချေးကမ်းခြေကို မနေ့က ရောက်ရှိလာတယ်လို့ သိရပါတယ်။ လူများစွာ တင်ဆောင်လာတဲ့ လှေ တွေထဲမှာ အဲဒီအထဲက ၁၀၀ လောက်ဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး အစာရေစာပြတ်လပ်နေ တဲ့ အတွက် ဆေးကုသခံယူဖို့လို့ အာချေးပြည်နယ်မြောက်ပိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ဆိုပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံ လွန်ခဲ့တဲ့ ၇ရက်ခန့်ကတည်းက ထွက်ခဲတာဖြစ်ပြီး တချို့ဟာ ဒီခရီးမှာသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အာချေးကယ်ဆယ်ရေးအေဂျင်စီကတော့ သူတို့ဟာ မြန်မာပြည်က ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ပြောပါတယ်။ ဒီနှစ်စောစောပိုင်းက ဘင်္ဂလားဒေရှ်နဲ မြန်မာပြည်က ရိုဟင်ဂျာ ၂၅၀၀၀ လောက်ကို လူကုန်ကူးသူ တွေက လှေတွေနဲ့ ပို့ဆောင်ပေးခဲ့ရာ လူ ၃၀၀ လောက် ပင်လယ်ပြင်မှာ သေဆုံးသွားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကဆိုပါတယ်။ မကြာသေးမီကလည်း လူမှောင်ခို အဖွဲ့တွေက ထိုင်း- မလေးရှားနယ်စပ်မှာ တရားမဝင်စခန်းတွေ ဆောက်ပြီးတော့ ထိန်းသိမ်းထားခဲ့ရာ သေဆုံး သည့် အလောင်းများကို မကြာသေးမီက တူးဖော်ရရှိခဲ့တဲ့အတွက် လူကုန်ကူးမှုနှိမ်နင်းရေးအတွက် မြန်မာ၊ ထိုင်း၊ မလေးရှား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။