
ဆာဘီးယား နိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဆားဘီးယားရဲ့ အဓိက လက်နက်ထုတ်လုပ်ရောင်းချရာ Yugoimport SDPR ကုမ္ပဏီကို သွားရောက်ကာ စစ်လက်နက်ပစ္စည်းတွေကို ကြည့်ရှု့ခဲ့တယ်လို့ သိရပါတယ်။ Yugoimport SDPR ကုမ္ပဏီဟာ တင့်ကားပစ် ဒုးံကျည်တွေ၊ M 84 As တင့်ကားတွေ၊ Nora B -52 ဟောင်ဝစ်ဇာ အမြောက်ကြီး တွေ၊ Lazar BVT သံချပ် ကာကားတွေ၊ LRSVM Morava ဒုံးပစ်လောင်ချာတွေ၊ ALAS ဒုံးကျည် တွေ ထုတ်လုပ်ရောင်းချနေ တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပါကစ္စတန်နိုင်ငံ ကိုရောက်စဉ်ကလည်း တက္ကသီလာမှာရှိတဲ့ Al-Khalid ၊ Al-Zarrar အမျိုးအစားတင့်ကားတွေ၊ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ထုတ်လုပ်ရာ Heavy Industries Taxila ( HIT)ကို သွားရောက်ခဲ့ပါသေးတယ်။
ဒါကြောင့်လည်း လက်နက်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်လာနေတဲ့ ဆာဘီးယား၊ ပါကစ္စတန်တို့လို နိုင်ငံတွေဆီက မြန်မာနိုင်ငံလို လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေကို ဘယ်လိုလက်နက်တွေ ဈေးပေါပေါနဲ့ ရောင်းချနိုင်မလဲ၊ ဗိုလ်ချုပ်မှူးကြီးကလည်း မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဘယ်လိုလက်နက်တွေကို ဝယ်ယူလာမလဲဆိုတာ ကို လေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။