နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသား Johnny Depp ဟာ ကိုယ်ပိုင်လေယာဉ်ပျံမှာ သူ့ရဲ့အချစ်တော် ခွေးလေးနှစ်ကောင်ကို တရားမဝင် ယူသွားခဲ့တယ်ဆိုပြီး သြစတေးလျ လေဆိပ်အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ Pistol နဲ့ Boo လို့ခေါ်တဲ့ ခွေးနှစ်ကောင်ကို ပြန်ပို့ရင်ပို့ မပို့ရင် အသတ်ခံရမယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ မင်းသား Johnny Depp ဟာ သူ့ရဲ့ချစ်သူ Amber Heard နဲ့အတူ သြစတေးလျကို လည်ပတ်နေတာ ဖြစ်ပါတယ်။ သြစတေးလျရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေအရ ခွင့်ပြုချက်မယူဘဲ ဒီလို တိရိစ္ဆာန်တွေကို သယ်ယူလာခွင့် မပြုပါဘူး
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။