
လာမည့် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ရွေ့ပြောင်း လှေစီးဒုက္ခသယ်များအရေး ဆွေးနွေးအဖြေရှာမည့် ဆွေးနွေးပွဲ မြန်မာအစိုးရ တက်ရောက်ရန် မသေချာကြောင်း ထိုင်းသတင်းစာများတွင် ဖော်ပြထားပါတယ်၊ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာကတော့ ဒုက္ခသည် အကျပ်အတည်း ဘယ်လို အဖြေရှာ မလဲဆိုတဲ့ ဆွေးနွေးပွဲဖြစ်ပေမယ့် မြန်မာအစိုးရကိုတော့ အတင်းအကျပ် တွန်းအားပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မြန်မာ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး ဆိုတာ အတိအလင်းပြောထားတဲ့ အတွက် ဒီလိုဆွေးနွေးပွဲမျိုးကို တက်ရောက်မှာ မဟုတ် ကြောင်း၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေရှ်လို နိုင်ငံတွေက လူကုန်ကူးမှုကို မတိုက်ဖျက်နိုင်တာ ဟာ အရင်းခံဖြစ်ကြောင်း၊ ဒီပြဿနာကို မြန်မာအပေါ် လွှဲချမယ်ဆိုရင် လက်ခံမှာ မဟုတ်ဘူးလို့ AFP သတင်းဌာနကိုပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံဟာ လူကုန်ကူးရာ လမ်းကြောင်းပေါ်မှာရှိနေပါတယ်၊ ဒီဆွေးနွေးပွဲကို လူကုန်ကူးခြင်းနဲ့ ပြောင်းရွေ့နေထိုင်ခြင်းပြဿနာကို အဖြေရှာမယ့် ဒီဆွေးနွေးပွဲကို အိန္ဒိယ သမုဒ္ဒရာအတွင်းက နိုင်ငံ ၁၅နိုင်က ကိုယ်စားလှယ်တွေလည်း တက်ရောက်မှာဖြစ်သလို အမေရိကန် နိုင်ငံကလည်း ကိုယ်စားလှယ်စေလွှတ်မယ်လို့သိရပါတယ်။