ရခိုင်ပြည်နယ်အတွင်း မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံရသူဦးရေ ၂ ဦး ထပ်မံ တိုးလာသဖြင့် စုစုပေါင်း ၂၂ ဦးရှိလာပြီ ဖြစ်ကြောင်း ကျောက်တော်ရဲစခန်းက ပြောသည်။ ၎င်းတို့ထဲမှ ၂၀ ဦးအား မေလ ၁၅ ရက်နေ့က ခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ပြီး ကျန်ရှိသည့် ၂ ဦးအား မေလ ၂၉ ရက်နေ့တွင် ရုံးတင်တရားစွဲဆိုမည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှူး ရဲမှူး ခင်မောင်က ဧရာဝတီသို့ ပြောသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အား AA နှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်ဘက်က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။