မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အနီး ပန်ဂျရော့ပ်ကုန်းတွင် တပ်မတော်နှင့် ပလောင် (တအာင်း) လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ မေ ၁၈ရက် ညနေ ၅ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပန်ဂျရော့ပ်ကုန်းအနီး TNLA က ယင်းနေ့နံနက် ၆ နာရီမှစကာ ခရီးသွားကားများထံမှ ငွေကောက်ခံမှုများ ညနေ ၄ နာရီခန့်အထိ ပြုလုပ်ခဲ့ပြီး ၎င်းတို့ပြန်သွားချိန်တွင် နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) က လိုက်လံ ရှင်းလင်းသောကြောင့် TNLA တပ်ရင်း (၁၁၂)၊ (၁၀၁) တပ်ဖွဲ့အချို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် နှစ်ဖက်တပ်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသော်လည်း လက်နက်ကြီးဖြင့် တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိကြောင်း နမ့်ဖတ်ကာဒေသခံ ကိုမိုးထက်က ပြောသည်။ TNLA သည် ဧပြီ ၂၉ ရက်နေ့ကလည်း ယခုကဲ့သို့ ခရီးသွားများထံမှ ငွေကြေးကောက်ခံမှု ပြုလုပ်ခဲ့သေးပြီး တပ်မတော်နှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။