လူသတ်မှုဖြင့် အမှုဖွင့်ခံထားရသော သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးအမှုအား ၁၆ ကြိမ်မြောက် ရုံးချိန်းအဖြစ် မေ ၂၀ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားလို ပြသက်သေများဖြစ်သော သေဆုံးသူ မတေးနုယဉ်၏ ဦးလေးဖြစ်သူ ဦးအောင်ကျော်ထွားနှင့် အဒေါ်ဖြစ်သူ ဒေါ်မြဝင်း တို့အား စစ်ဆေးခဲ့သည်။ မတေးနုယဉ် သေးဆုံးမှုနှင့် ပတ်သက်၍ အဒေါ်ဖြစ်သူက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဖုန်းဆက်ခဲ့ရာ မိန်းကလေး တယောက် လာကိုင်၍ မတေးနုယဉ် မအားသေးကြောင်း ပြောကြားခဲ့ပြီး ယင်းမှာ နောက်ဆုံး အဆက်အသွယ် ရခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။ အမှုအား မေလ ၂၇ ရက်နေ့တွင် ၁၇ ကြိမ်မြောက် ရုံးချိန်းအဖြစ် အမှုစစ်ရဲအရာရှိအား ထပ်မံစစ်ဆေးမည်ဖြစ်ပြီး အမှုတွင် တရားလိုပြသက်သေ ၂ ဦးအား စစ်ဆေးရန် ကျန်နေသေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။