• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လှေစီးဒုက္ခသည် ခေါ်ယူမည့်အရေး ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်

by မင်းအောင်ခိုင်
30 May 2015
in သတင်း
A A
လှေစီး ဒုက္ခသည်, ဘင်္ဂလားဒေ့ရှ်, လဝက

မေ ၂၉ ရက်နေ့တွင် မြန်မာ့တပ်မတော် (ရေ) က ဖမ်းဆီးမိသော ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှ လှေစီးဒုက္ခသည်များကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

6.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသဖြင့် မောင်တောခရိုင် တောင်ပြိုဝဲမြို့သို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးဒုက္ခသည် အယောက် ၂၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ခေါ်ယူရန် အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

တောင်ပြိုဝဲမြို့သို့ ရောက်ရှိနေသည့် အဆိုပါ လှေစီး ဒုက္ခသည်များကို မေလ ၂၆ ရက်နေ့က စစ်တွေမြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မိုဟာမက် မဟာဘူတာရာမန်နှင့် လက်ထောက် ကောင်စစ်ဝန် မိုဟာမက် ဆီ လင်အူဒင်တို့် လာရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်ကြောင်းကို အတည် ပြုပေးခဲ့ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) ဦးစီးမှူး ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
0
စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
143
တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
1.1k

ဦးခင်စိုးက “လာစစ်တော့ နေရပ်လိပ်စာကို မေးတယ်၊ သူတို့ မိသားစုတွေနဲ့ ဖုန်းပြောခိုင်းတယ်။ လှေစီး ဒုက္ခသည်တွေ မိသားစုဝင်တွေနဲ့ ဖုန်းပြောကြတော့ သူတို့နိုင်ငံသား ဖြစ်တယ် ဆိုတာကို အတည်ပြုသွားတယ်။ ခုတော့ လာစစ်တဲ့ ကောင်စစ်ဝန်က ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးကို အကြောင်းထားပြီးပြီ။ လွှဲပေးဖို့ပဲ ကျန်ပါတော့တယ်။ မြန်မြန်လွှဲပေးမှာပါ။ ခုတော့ ကျနော်တို့ လွှဲပေးဖို့ စောင့်နေပါတယ်” ဟု ဆိုသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်များကို တောင်ပြိုဝဲမြို့ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အမှတ် (၂) တွင် ယာယီစခန်းဖွင့်ကာ စောင့်ရှောက်ထားကြောင်း လှေစီဒုက္ခသည်များ အရေးကို ဆောင်ရွက်ပေး နေရသည့် တောင်ပြိုဝဲမြို့မှ အမည်မဖော်လိုသူ ဌာနဆိုင်ရာဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“အခု သူတို့ကို နိုင်ငံတကာ အဖွဲ့အစည်းတွေက အပြည့်အဝ စောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ကျွေးတာ မွေးတာကတော့ ကျနော်တို့ ဒေသခံ ရပ်ကွက်၊ ကျေးရွာအလိုက် ဘင်္ဂါလီ ကျေးရွာလူကြီးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဆီက အလှူခံပြီးတော့ ထွေ/ အုပ် အစီအစဉ်နဲ့ ကျွေးမွေးနေပါတယ်။ နိုင်ငံတကာ NGO တွေ ပေးတာက ရေသန့်၊ ဆေးဝါး၊ မုန့်ခြောက်ထုပ်တွေပါ” ဟု ယင်းဝန်ထမ်းက ပြောသည်။

လှေစီး ဒုက္ခသည်များ ရောက်ရှိနေသော နှစ်နိုင်ငံနယ်စပ် တောင်ပြိုဝဲမြို့ကို တပ်မတော် အပါအဝင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အင်အား အလုံးအရင်း တိုးမြှင့်ချထားကြောင်း၊ နှစ်ဘက် နယ်ခြားစောင့်တပ်ဝင်များ အချင်းချင်း သတင်း အချက်အလက်များ ဆက်သွယ် ပြောကြား လုပ်ဆောင်သည်ကို မတွေ့ရကြောင်း တောင်ပြိုဝဲ ဒေသခံ များက ဆိုသည်။

“ပုံမှန်ဆိုရင် နယ်ခြားစောင့် တပ်ဖွဲ့အချင်းချင်း အပြန်အလှန် စာပို့ ဆက်သွယ်မှုတွေ ရှိတယ်။ အရေးပေါ် ဖုန်း ဆက်သွယ်မှုတွေ ရှိတယ်။ အခုအနေအထား ကတော့ အဲဒါမျိုး လုံးဝ မရှိပါဘူး” ဟု တောင်ပြိုဝဲမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်း တဦးက ပြောသည်။

ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ညိုအေးက အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီဒုက္ခသည်များ အရေးကို ကိုင်တွယ် ဖြေရှင်းရာတွင် အစိုးရအနေဖြင့် ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြောင်း၊ တဘက်နိုင်ငံသို့ လွှဲပေးရေး ကြန့်ကြာ နေမည် ဆိုပါက မိမိတို့ ဒေသခံများအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။

ဒေါ်ညိုအေးက “ကျမတို့ စောင့်ကြည့်နေပါတယ်။ ဒီအရေးကို နိုင်ငံတကာက ဘယ်လို ဖိအားပေးပေး အစိုးရက ပြတ်ပြတ်သားသား လုပ်ပါ။ အခုတော့ စောင့်ကြည့်ကာလဆိုတော့ ဒါပဲ ပြောချင်တယ်” ဟု ဆိုသည်။

မြန်မာ့ တပ်မတော် (ရေ) မှ ဖမ်းဆီးခဲ့သော လှေစီးဒုက္ခသည် ၂၀၈ ဦးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် ၂၀၀ ကို စစ်ဆေး အတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ ဦးမှာ စစ်တွေမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့မှ ဖြစ်ကြောင်း၊ လက်ရှိတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က လှေစီးဒုက္ခသည်များအား သယ်ဆောင်လာသော စက်လှေသမား အယောက် ၂၀ ကို လူကုန်ကူးမှု ဥပဒေဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

“လှေစီးဒုက္ခသည်တွေကို တရားမဝင် ပို့ဆောင်မှုနဲ့ စက်လှေသမားတွေကို လူကုန်ကူးမှု ပုဒ်မ ၃၆၇၊ ၃၇၁၊ ၁၁၄ တို့နဲ့ တရားစွဲထားပါတယ်” ဟု ပြည်နယ် လဝကမှူး ဦးခင်စိုးက အတည်ပြု ပြောကြားသည်။

အဆိုပါ လူကုန်ကူးမှုဖြင့် အမှုဖွင့် စစ်ဆေးခံနေရသည့် စက်လှေသမား ၂၀ တွင် တနင်္သာရီတိုင်းမှ ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၁ ဦး၊ ဧရာဝတီတိုင်းမှ ၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီလူမျိုး ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။

စစ်ဆေးခံရမည့် အယောက် ၂၀ မှာ လှေစီးဒုက္ခသည် ၂၀၈ ဦး ပါဝင်သည့် လှေမှ ၁၁ ဦးနှင့် ခရီးသည် မပါသည့် စက် လှေမှ ၉ ဦးတို့ ဖြစ်ပြီး ၎င်းတို့ကို မြန်မာ့တပ်မတော် (ရေ) မှ ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်က ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

Your Thoughts …
Tags: Bangladesh
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

by ငြိမ်းချမ်း
22 April 2013
5.5k

ဘုရားကို ရေသပ္ပာယ်ပြီးတဲ့ အခါ ကလေးတွေ အပျိုလူပျိုတွေကတော့ တယောက်နဲ့ တယောက် ရေပက်ကစားကြတာပေါ့။ ဆိုတော့ ဟိုရွာတရက် ဒီရွာတရက် လိုက်ပြီး ဘုရားရေသပ္ပာယ်လိုက်တာ တန်ခူးလ တလကုန်တဲ့အထိ သင်္ကြန်ကျသလို ဖြစ်သွားတာပေါ့

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

by ငြိမ်းချမ်း
1 October 2012
6.7k

“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း...

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

by ငြိမ်းချမ်း
30 May 2013
2.4k

စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသူများသည် ပလက်ဝ ဒေသမှ ကျောက်တော် ဒေသသို့ ၀င်ရောက်လာသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို လူဦးရေစာရင်း ကောက်ခံနေဆဲ ဖြစ်၍ အထောက်အပံ့ရိက္ခာ မပို့ဆောင်နိုင်သေးကြောင်း ဦးဝင်းမြိုင်က ဆိုသည်။

ပန်းဝါ အကြမ်းဖက်မှု (သို့) ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လား

ပန်းဝါ အကြမ်းဖက်မှု (သို့) ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လား

by ငြိမ်းချမ်း
13 October 2012
10.2k

အဝါမလိဂ် ပါတီနဲ့ BNP ပါတီကြီး ကျွဲနှစ်ကောင် ခတ်တဲ့ကြားမှာ ပန်းဝါမြို့က ဗုဒ္ဓဘာသာဝင် လူနည်းစုဟာ မြေဇာပင် ဖြစ်ကြရတယ်လို့လည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စည်းဝေးပွဲ ပြန်စ

ပတ်စ်ပို့အတု နှင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများ ဒါကာတွင် ဖမ်းမိ

by ငြိမ်းချမ်း
19 September 2012
6.9k

“သေသေချာချာ စစ်ဆေးကြည့်တော့ မြန်မာနိုင်ငံ ဘက်က လာတယ်လို့ သိရတယ်။ ဘယ်အတွက် ဘယ်နိုင်ငံကိုသွားမယ် ဆိုတာနဲ့ သူတို့ရဲ့ နေရပ်လိပ်စာ အတိ အကျ ရအောင် ကျနော်တို့ စစ်ဆေးနေဆဲပါ”

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် တိုင်းရင်းသားများ မြန်မာဘက်သို့ ထပ်မံ ရွှေ့ပြောင်း

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် တိုင်းရင်းသားများ မြန်မာဘက်သို့ ထပ်မံ ရွှေ့ပြောင်း

by ငြိမ်းချမ်း
12 February 2013
4.8k

“သူတို့ကို လောလောဆယ်တော့ နစက ကပဲ ကူညီထားတယ်။ အစိုးရက ချမှတ်ထားတဲ့ အိမ်တို့၊ မြေတို့ ကိစ္စကို အထက်ကိုတင်ပြထားတယ်။ အထက် အမိန့်ပြန်ကျလာမှ သူတို့က နေရာထိုင်ခင်းတွေ ရမှာဖြစ်တယ်။ ၁၅ ရက်နဲ့ တလလောက်တော့ ကြာနိုင်တယ်”

Next Post
ဦးကျော်သူ ရွေးကောက်ပွဲ ဝင်ရန် စဉ်းစားနေ

ဦးကျော်သူ ရွေးကောက်ပွဲ ဝင်ရန် စဉ်းစားနေ

Rock, Pop, Hip Hop, လေးဖြူ, နောနော်, IC, Blaze Band, ဂီတ

နိုင်ငံကျော်လူဆိုး ဆိုတဲ့ အဆိုတော် နောနော်နဲ့ တွေ့ဆုံခြင်း

Please login to join discussion
No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate