တချိန်က ရန်သူတွေအဖြစ် စစ်ခင်းခဲ့ကြတဲ့ ဗီယက်နမ်နဲ့ အမေရိကန်တို့ဟာ နှစ်နိုင်ငံ စစ်ရေးပူး ပေါင်းမှု တိုးမြှင့်ဖို့ သဘောတူခဲ့ပြီဖြစ်ပါတယ်။
ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး Phung Quang Thanh နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ashton Carterတို့ဟာ မနေ့က ဟနွိုင်းမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်က ဗီယက်နမ်ရေတပ်အတွက် ကမ်းခြေကင်းလှည့်ရေယာဉ်တွေ ဝယ်ယူရာမှာ သုံးစွဲဖို့ ဒေါ်လာ ၁၈သန်း ထောက်ပံမှာဖြစ်ပါတယ်။
ဗီယက်နမ်နဲ့ အမေရိကန်တို့ရဲ့ စစ်ရေးပူးပေါင်းမှုဟာ အကန့်အသတ်အဆင့်မှာ ရှိနေပေမယ့် တောင်တရုတ် ပင်လယ်မှာ ကြီးစိုးဖို့ ကြိုးစားလာတဲ့ တရုတ်တို့ရဲ့ အပြုအမူလူပ်ရှားမူတွေကြောင့် နှစ်နိုင်ငံပူပေါင်းမူဟာ ဒီနှစ်ပိုင်းအတွင်း ပိုပြီးတိုးမြင့်လာတာလို့လည်း သုံးသပ်ကြပါတယ်။
ဒါပေမယ့် US က အခုအချိန်အထိ ဗီယက်နမ်အပေါ်မှာ လက်နက်ရောင်းချမူကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ဗီယက်နမ်ဘက်ကတော့ လက်နက်ရောင်းချခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့ ထပ်မံတောင်းဆိုလိုက် ပြီး၊ လူ့အခွင့်အရေးနဲ့ လက်နက်ရောင်းချမူတွေကို နှောင်ကြိုးသဘောမှုနဲ့ ချည်နှောင်မထားဖို့ US ကိုတိုက် တွန်းလိုက်ပါတယ်။
US က ဗီယက်နမ်တပ်မတော်အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေရဲ့လုပ်ငန်းတွေမှာ ပါဝင်ဖို့ကို လည်း ကူညီသွားမှာ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးတွေ ပြန်ကောင်းလာတဲ့ US အစိုးရဟာ အခုအချိန်အထိ မြန်မာအစိုးရ ခေါင်း ဆောင်ပိုင်းတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေအပေါ် sanction ပိတ်ဆို့မှုတွေလုပ်ထားဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် နှစ်နိုင်ငံအစိုးရအကြား Mil to Mil လို့ခေါ်တဲ့ တပ်မတော်အချင်းချင်း ဆက်ဆံ ရေးတွေ စတင်ဖို့ကို တော့ သဘောတူခဲ့ပြီ ဖြစ်ပါတယ်။