
မြန်မာနိုင်ငံသား ၆ ဦး (အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦး) ကို ယမန်နေ့ မနက်ပိုင်းက Pathum Thani ခရိုင်တွင် (ice ) ဟုခေါ်သည့် မက် သဖက်တမင်းခဲ ၁၄ ကီလိုဂရမ်နှင့် အတူ ထိုင်းရဲအဖွဲ့ကဖမ်းဆီးမိခဲ့သည်။ လင်းယုအောင် (၃၅နှစ်)၊ ကေသီငွေ (၂၉နှစ်)၊ ဝင်းမေ (၅၄နှစ်)၊ သန်းသန်းဝင်း (၄၂နှစ်)၊ ဇင်မာနွယ် (၃၄နှစ်) နှင့် ဝေယံ ထွေး (၃၂နှစ်) တို့ကို အငှားယာဉ် တစီးဖြင့်ခရီး ထွက်လာစဉ် Thanyaburi ခရိုင်မှ Pratunam Chulalongkorn ရဲအဖွဲ့၏ စစ်ဆေးရေး ဂိတ်တွင် ရပ်တန့်ရှာဖွေပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှင့် အတူပါလာသော ပလပ်စတစ် အိတ်ကြီးတလုံးထဲမှာ မက်သဖက်တမင်းပါဝင်သည့် အထုပ် ၁၄ ထုပ်ကို တွေ့ ရှိ ခဲ့ရပြီး တထုပ်လျှင် ၁ ကီလို ဂရမ် အလေးချိန်ရှိသည်။ အထုပ်များတွင် Green Tea ဟု တံဆိပ်တပ်ထားသည်။ သူတို့ထဲမှ အမျိုးသမီး တယောက်က မူးယစ်ဆေးများကို Tak ခရိုင် မဲဆောက်မြို့မှ ယူဆောင်လာခြင်း ဖြစ်သည်ဟု ရဲ တပ်ဖွဲ့သို့ပြောသည်။ ၎င်းတို့က မက်သဖက်တမင်းများကို Rangsit ဈေးမှ ဖောက်သည်တဦးထံသို့ လွှဲပြောင်းပေးမည်ဖြစ်သော်လည်း ခရီးဆုံး မရောက်မီ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရဲအဖွဲ့ကဆိုသည်။ သူတို့ခြောက်ဦးက Pathum Thani တွင် နေထိုင်သူများ ဖြစ်သည်။