ဖုန်ကြားရှင်ကို ဆက်သွယ်၍ ကိုးကန့်ဒေသ တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများရပ်စဲရန် ၊ ပြဿနာကို နိုင်ငံ ရေး နည်းဖြင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပါကြောင်း တာဝန်မှ ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် တရုတ်သံအမတ် ရန်ဟို့လန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မနေ့က နေပြည်တော်၌ တွေဆုံစဉ် ပြောဆိုလိုက်သည်။ ကာချုပ်ကလည်း MNDAA မှ အပစ်အခတ်ရပ်စဲသည့် သတင်း ကို ကြားသိကြောင်း၊ ယင်းပြဿနာမှာ တပ်မတော်မှစတင်ခဲ့ခြင်းမဟုတ်ဘဲ ဖုန်ကြားရှင် အဖွဲ့မှ မစွန့်လွှတ်နိုင် သည့် အာဏာကို ပြန်လည်ရယူလိုသဖြင့် လက်နက်ကိုင် ပဋိပက္ခကို ဖန်တီးပြီး အာဏာရယူရန် ကြိုးစားမှုဖြစ် ပါကြောင်း၊ မိမိနိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်းနှင့်မိမိတပ်တွေကိုလာရောက်တိုက်ခိုက်သဖြင့် ပြန်လည် တိုက်ထုတ်ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အစိုးရချင်း၊ နိုင်ငံချင်း ပြဿနာကြီးကြီးမားမား မရှိခဲ့ဘဲ နယ်စပ်ဒေသရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်တွေ အပေါ်မူတည်ပြီး အခက်အခဲဟု ရှုမြင်ပါ ကြောင်း ဆိုသည်ဟု စစ်တပ်ပိုင် မြဝတီသတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။