ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနယ်တွင် မဲခေါင်တက္ကသိုလ်ဖွင့်လှစ်ရန် နေပြည်တော်တွင် ပြုလုပ်နေသည့် ၆ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖယား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်စ်မက်) ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ရေးသားထားသည်။
မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် မြန်မာ- လာအို- ထိုင်း- ကမ္ဘောဒီးယား- ဗီယက်နမ်တို့ အကြား ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရည်ရွယ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အရလည်း ထိုင်း- မြန်မာ- လာအို ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိပြီး၊ အခြေခံအဆောက်အအုံ များလည်း ပြည့်စုံကြောင်း၊ Plan of action (2016- 2018)နှင့် နေပြည်တော် ကြေညာစာတမ်းအရ အစိုးရ ဝန်ကြီးဌာနအချင်းချင်း ဆက်လက်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။