• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

သွေးလန့်နေသည့် ပြစ်မှုကျူးလွန်သူများ

by ဟန်ပိုင်
24 June 2015
in Crime
A A
Karenzi Karake

ဇွန်လ ၂၀ ရက်နေ့က လန်ဒန်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ရဝမ်ဒါ အမျိုးသား ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် ကာရင်ဇီ ကာရာကီ (Karenzi Karake) (ဓာတ်ပုံ - glpost)

5.3k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့တဲ့ ဇွန်လလယ်က တောင်အာဖရိက နိုင်ငံမှာ ကျင်းပခဲ့ အာဖရိကသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲမှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တခု ပေါ်ပေါက်ခဲ့ပါတယ်။

ဒါကတော့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဆူဒန်သမ္မတ အိုမာ အယ်လ်ဘာရှီရာ (Omar al-Bashir) ကို တောင်အာဖရိက နိုင်ငံကနေ မထွက်ခွာဖို့ ပရီတိုးရီးယားမှာရှိတဲ့ တရားရုံးချုပ်ကနေ ဇွန်လ ၁၄ ရက်နေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။ သမ္မတ ဘာရှီရာကို စစ်ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေအတွက် ဖမ်းဆီးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က အလိုရှိနေတာဖြစ်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေက သူ့ကို ဖမ်းဆီးဖို့ တောင်းဆို လျှောက်ထားတဲ့အတွက် အခုလို အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
135
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
171
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
574

ဒါပေမယ့်လည်း သမ္မတ ဘာရှီရာဟာ ဇွန်လ ၁၅ ရက်နေ့မှာ ဆူဒန်နိုင်ငံကို ပြန်လည် ထွက်ခွာသွားနိုင်ခဲ့ပါတယ်။

တောင်အာဖရိက နိုင်ငံအနေနဲ့လည်း အာဖရိကသမဂ္ဂဝင် နိုင်ငံတွေ လိုက်နာရမယ့် တာဝန်ဖြစ်တဲ့ အဖွဲ့ဝင် နိုင်ငံအချင်းချင်း ကူညီစောင့်ရှောက်ရမယ် ဆိုတဲ့အတိုင်း ဆူဒန်နိုင်ငံနဲ့ မျက်နှာမပျက် ဆက်ဆံရေးကို ရွေးမလား ဆိုတာနဲ့ တဖက်ကလည်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင် နိုင်ငံတနိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန်အရ သမ္မတ ဘာရှီရာကို ဖမ်းဆီးပြီး ICC ကို လွှဲပြောင်းပေးရမှာလားဆိုတဲ့ တာဝန်နှစ်ခုကြားမှာ ဗျာများနေရပြီး တခုခုကို ရွေးချယ်ရတဲ့ အနေအထား ဖြစ်ပါတယ်။

သမ္မတ ဘာရှီရာကို မထိန်းသိမ်းလိုက်နိုင်တာနဲ့ ပတ်သက်ပြီး အမြင်၊ သဘောထား ကွဲပြားမှုတွေ ထွက်ပေါ်လာရာမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု နိုင်ငံတကာဌာန (ICTJ) ကတော့ တောင်အာဖရိက အစိုးရအနေနဲ့ အခုလို ထွက်ခွာခွင့် ပေးလိုက်တာဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ ရောမဥပဒေ ပြဌာန်းချက် (Rome Statute) တွေကို လိုက်နာဖို့ တာဝန် ပျက်ကွက်တာပဲလို့ ဝေဖန်ခဲ့ပါတယ်။

တကယ်လို့သာ သမ္မတဘာရှီရာ အနေနဲ့ တောင်အာဖရိက နိုင်ငံက ဖမ်းဆီးပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးကိုသာ အပ်လိုက်ရင်၊ သူဟာ သေဆုံးသွားပြီဖြစ်တဲ့ ချီလီ အာဏာရှင်ဟောင်းကြီး ပီနိုရှေး (Augusto Pinochet) လိုပဲ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ချီလီသမ္မတဟောင်း ပီနိုရှေးလည်း ၁၉၉၈ ခုနှစ်မှာ လန်ဒန်ကို အလည်အပတ် ထွက်နေတုန်း သူနိုင်ငံကို ၁၇ နှစ်တာ တာဝန်ယူစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေ အတွက် နိုင်ငံတကာ ဝရမ်းနဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူ့အမှုတွေကို စုံစမ်းစစ်ဆေးနေတုန်း ကျန်းမာရေးအရ ချီလီကို ပြန်ပို့ခဲ့ပြီး သူ့ကိုစွဲဆိုထားတဲ့ စွဲချက်တွေ ရင်ဆိုင်နေတုန်းမှာပဲ ၂၀၀၆ ခုနှစ်မှာ သေဆုံးသွားပါတယ်။

နောက်တခုက သမ္မတ ဘာရှီရာ လွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး အမြင်သဘောထား ကွဲပြားမှုတွေ ဖြစ်လာနိုင်ရာမှာ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေအတွက် နိုင်ငံတကာခုံရုံးက ဖမ်းဝရမ်းထုတ်ထားပေမယ့် အဖွဲ့ဝင်နိုင်ငံတွေက ဖမ်းဆီးပေးဖို့ လိုက်နာမှု မရှိတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်သူတွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်အောင် အားပေးရာ ရောက်နေသလို၊ အပြစ်ရှိသူတွေ အပြစ်ပေး ခံရတာကနေ ကင်းလွတ်နေတဲ့ (Impunity) ယဉ်ကျေးမှုတွေ အမြစ်တွယ်နေမယ် ဆိုတာတွေပါပဲ။

တဖက်ကကြည့်မယ် ဆိုပြန်ရင်လည်း သမ္မတ ဘာရှီရာ အနေနဲ့ အခုလို လွတ်မြောက် သွားပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာသူတွေကြောင့် တချိန်ချိန်မှာ အဖမ်းခံရ၊ အမှုရင်ဆိုင်ရမှာကို တွေးတော ထိတ်လန့်ပြီး ပြေးစရာ မြေမရှိမှာ စိုးရိမ်၊ သွေးလန့်နေမှာ ဖြစ်ပါတယ်။

ဇွန်လထဲမှာပဲ စပိန်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ဗြိတိန်ရဲတွေက ရဝမ်ဒါနိုင်ငံရဲ့ ရဝမ်ဒါ အမျိုးသား ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် ကာရင်ဇီ ကာရာကီ (Karenzi Karake) ကို ဇွန်လ ၂၀ ရက်နေ့က လန်ဒန်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ ကာရင်ဇီကို ၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုတွေအတွင်း စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အလိုရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း စစ်အစိုးရလက်ထက်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ တာဝန်အရ လုပ်ခဲ့တဲ့အတွက် နောက်ကြောင်းပြန် တရားစွဲ၊ အရေးယူတာတွေ မလုပ်ဖို့ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မ ၄၄၅ ကို အတိအလင်း ထည့်သွင်းပြီး အပြစ်ကျူးလွန်သူတွေကို ပြစ်ဒဏ်ပေး အရေးယူခြင်းကနေ လွတ်ကင်းအောင် အကာအကွယ် ယူထားပါတယ်။

အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွေပေါ် ရောက်လာတဲ့ မီဒီယာ အင်တာဗျူး ဗီဒီယိုဖိုင်တခုမှာလည်း အရင်က သြဇာလျှမ်းလျှမ်း တောက်ပြီး၊ မတရား ဖမ်းဆီး၊ ဖိနှိပ်ချုပ်ခြယ်ခဲ့တဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က မီဒီယာတွေကို နောက်ကြောင်းပြန် တူးဖော်တာတွေ မလုပ်ဖို့ သွေးပျက်၊ ထိတ်လန့်ပြီး သတိပေးနေတာ တွေ့ရပါတယ်။

ဘယ်လိုဘဲ ဥပဒေတွေအရ ကာကွယ်မှုတွေ လုပ်ထား လုပ်ထား၊ ကိုယ်လုပ်ခဲ့တဲ့ ပြစ်မှုတွေ အတွက်တော့ ရတက်မအေး၊ နောက်ကြောင်း မအေးဘဲ သွေးလန့်နေတာ အထင်အရှား တွေ့ရပါတယ်။ ဒါပေမယ့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုတွေအတွက် ဝိုင်းဝန်းကြိုးပမ်းနိုင်တဲ့ တနေ့မှာတော့ ရာဇဝတ်မှု ကျူးလွန်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေ အတွက် နေရာကျဉ်းသွားတယ် ဆိုတာကတော့ နိုင်ငံတကာဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေက သက်သေပြနေပါတယ်။

ကိုးကား: ICTJ, Aljazeera

Your Thoughts …
ဟန်ပိုင်

ဟန်ပိုင်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
လှိုင်သာယာ စက်မှုဇုန်

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီ၌ ညှိနှိုင်းမည်

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပြောစကားအပေါ် သူတို့အမြင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate