ငွေပေးချေမှုများကို အဆင်ပြေ ချောမွေ့စေရန်အတွက် ဘဏ်မှကြားခံဆောင်ရွက်ပေးသည့် အကြွေးဝယ်ကတ်ထုတ်ပေးရာ တွင် နိုင်ငံခြားသားများကို ထုတ်ပေးရန် အစီအစဉ် မရှိသေးကြောင်း ကမ္ဘောဇဘဏ်၊ ကတ်ဌာန မှ အထွေထွေမန်နေဂျာ Mr Ashis Kumar Sharma က ပြောသည်။
ဇွန်လ ၂၄ ရက်နေ့ ကမ်းနားလမ်းရှိ Strand Square လေးလွှာတွင် ပြုလုပ်သော KBZ Digital Banking & Credit Card Press Confernce တွင်၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုင်ငံခြားသားအတွက် အစီအစဉ် မရှိခြင်းနှင့် ပတ်သက်ပြီး Mr.Ashis Kumar Sharmaက “ အဓိကကတော့ မြန်မာ နိုင်ငံ သားတွေ အသုံးပြုဖို့အတွက် ဦးတည်ထားတာတယ်၊ ခတ္တခဏ လာနေတဲ့ နိုင်ငံခြားသားတွေကို ထုတ်ပေးဖို့အတွက် မရှိ သေးပါဘူး”ဟု ပြောသည်။
အဆိုပါဘဏ်အနေဖြင့် အကြွေးဝယ်ကတ်များထုတ်ပေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရဝန် အရာရှိနှင့် ဝန်ထမ်း များ၊ ပံမှန်ဝင်ငွေရှိသူများ။ လက်ရှိဘဏ်၏ချေးငွေ customer များနှင့် ပုံမှန်အပ်ငွေများသည့် customerများကိုသာ ဦးစား ပေး ထုတ်ပေးခြင်း ဖြစ်ကြောင်း စီနီယာ မန်နေဂျင်း ဒါရိုက်တာ ဦးညိုမြင့်က ပြောသည်။
“ ပထဆုံး ကိုယ့်ရဲ့ လုံခြုံစိတ်ချရတဲ့သူတွေကို ထုတ်ပေးတယ် နိုင်ငံခြားသားဆိုတာ ဧည့်သည်ပါ ကိုယ်နဲ့ ပိုသေချာ တဲ့သူတွေကို ပေးတာဖြစ်တဲ့အတွက် လောလောဆယ်တော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး”ဟု ဦးညိုမြင့်က ပြောသည်။