၂၀၁၅ ခုနှစ် ဂျွန်လ ၂၄ ရက်နေ့က စင်ကာပူတရားရုံးတွင် မြန်မာနိုင်ငံသား သုံးယောက်သည် လူသတ်မှု ကျူးလွန်ရန် ကြိုတင်ကြံစည်မှုစွဲချက်ဖြင့် အဖမ်းခံခဲ့ရသည်။
ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားသုံးယောက်မှာ အသက ်၃၂ နှစ်မှ ၃၇ နှစ် အတွင်းဖြစ်ပြီး ၎င်းတို့က မြန်မာနိုင်ငံသားဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသူ ကိုအေးမောင်မောင်သက် (အသက် ၂၈ နှစ်)အား သတ်ရန် ကြံစည်ခြင်းဖြစ်ကြောင်း စင်္ကာပူကလာသော သတင်းများက ဆိုသည်။
ထိုသုံးယောက်က ဝိုင်းသတ်ရန်ကြိုးစားနေချိန်တွင် ကိုအေးမောင်မောင်သက်က ပတ်ဝန်းကျင်ကို အော်ဟစ်ကာ အကူအညီလှမ်းတောင်းခဲ့သောကြောင့် ကံကောင်းစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်မှာ စင်ကာပူနိုင်ငံ Pasir Ris Street 71 တိုက်နံပါတ် (၇၄၇-အေ)ရှိ အထပ်မြင့် ကားပါကင်တွင် ဇွန်လ ၂၁ ရက် ညနေနှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားသုံးယောက်အနက် ၂ ယောက်က လျှပ်စစ်ကျင်စက်ဖြင့် တိုက်ခိုက်ရန် ကြိုးစားခဲ့ရာ ကိုအေးမောင်မောင်သက်က ပတ်ဝန်းကျင်ကို အော်၍ အကူအညီတောင်းသောအခါ ၎င်းတို့ ထွက်ပြေးသွားခဲ့ကြသည်။
ထို့နောက် ရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့သည်။
ဇွန်လ ၂၂ ရက်နေ့ ပထမဆုံး သံသယရှိသူဟု ယူဆရသောအသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို Balestier လမ်းအနီးတွင် စင်္ကာပူရဲများက ဖမ်းဆီးလိုက်သည် ။
ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် ၃၂ နှစ်အရွယ်ရှိသော အမျိုးသားနှစ်ယောက်ကို စင်ကာပူနိုင်ငံ Aloha Changi အပန်းဖြေစခန်း တွင် ဖမ်းမိခဲ့ပါသည်။
မြန်မာနိုင်ငံသားနှစ်ယောက်ကို အပန်းဖြေစခန်းတွင် ဖမ်းမိရာတွင် အသားကြိတ်စက်၊ လွှဖြတ်စက်၊ မီးဖိုချောင်သုံး ဓါး၊ ဂက်စ်မီးဖို၊ ဂက်စ်အိုး၊ ကရိယာတန်ဆာပလာများထည့်ထားသောအိတ်၊ ခရီးဆောင်အိတ်၊ပလက်စတစ်အခင်းများ၊ ကေဘယ်ကြိုးများ၊ မီးဖိုချေင်သုံးပစ္စည်းများနှင့် လည်ရှည်ဖိနပ်များ စသည့်ပစ္စည်းများနှင့် တကွ ဖမ်းမိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
အဖမ်းခံရသည့် မြန်မာနိုင်ငံသားများမှာ ကိုရဲဝင်းအောင် အသက် (၃၂နှစ်)၊ ကိုဖြိုးမင်းနိုင် အသက် (၃၁နှစ်)နှင့် စင်ကာပူတွင်အမြဲတမ်းနေထိုင်ခွင့်ရ ကိုဇော်မင်းလှိုင် အသက်(၃၇နှစ်)တို့ဖြစ်ကြသည်။
ထိုတရားခံသုံးယောက်သည် ဇွန်လ၂၄ ရက်နေ့တွင် တရားစွဲခံထားရပြီး ပြစ်မှုထင်ရှာပါးက ထောင်ဒဏ် ၁၄ နှစ်ကျခံကြရမည်ဖြစ်ကြောင်း သိရသည်။
အမှုဖြစ်စဉ်တွင် အထက်ပါ သုံးယောက်အပြင် အသက်၂၉ နှစ်အရွယ်ဟုထင်ရသော မြန်မာနိုင်ငံသား ကိုဝင်းကျော်ကျော်အောင်(ခ) ကိုအောင်အောင်လည်း ပါဝင်နေသည်ဟု စင်္ကာပူရဲတပ်ဖွဲ့က ဆိုသည်။
လတ်တလော စုံစမ်းစစ်ဆေးမှုအရ ကိုအောင်အောင်သည် ဇွန်လ ၂၂ရက်နေ့ မနက်ပိုင်းကတည်းက စင်ကာပူနိုင်ငံမှ ထွက်ခွာသွားကြောင်း သိရသည်။
မည်သည်အကြောင်းကြောင့် သတ်ရန်ကြံစည်ခဲ့ခြင်းကိုမှု မသိရသေးပါ။