ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Gautam Mukhopadhaya တို့ မနေ့က နေပြည်တော်တွင်တွေ့ဆုံပြီး နယ်စပ်ဒေသတွင်နှစ်ဖက်တပ် များထိတွေ့ မှုရှိရေး၊ လူချင်းအဆက်အသွယ်ရှိရေး၊ မြေပြင်တပ်ဖွဲ့များနယ်မြေရှင်းလင်းရာတွင် ရည်မှန်းချက်ကို အမှန်တ ကယ်ရောက်ရှိ ရှင်းလင်းရေး ၊ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ သတ်မှတ်နေရာ၌တွေ့ဆုံနိုင်ရေးများ ဆွေးနွေးကြောင်း စစ်တပ်ပိုင် မြဝတီသတင်းတွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်မှူးကြီးက နယ်စပ်ရှိ မျိုးနွယ်စုတူ တိုင်းရင်းသားများ အရေးနှင့်ပတ်သက်၍ နယ်စပ်အုပ်ချုပ်ရေး အဖွဲများအနေဖြင့် ပြည်ထောင်စု အစိုးရအဆင့် အထိတင်ရသည့် အတွက် နှောင့်နှေးနိုင်ကြောင်း၊ မိမိတပ်များကြောင့် တခြားနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာများ မဖြစ်ပွားစေရန် ခွင့်ပြုချက်မရဘဲ နယ်စပ်ကျော်လွန်သွားလာမှုများကို ပြင်းထန်စွာ အရေးယူမှုရှိကြောင်း၊ နယ်စပ်ကိစ္စများကို အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖြေရှင်းသွားရမည်ဟု ဆိုသလို၊ အိန္ဒိယ သံအမတ်ကြီးကလည်း နှစ်နိုင်ငံနယ်စပ်၌ ပြဿနာကြီးကြီးမားမားမရှိကြောင်း၊ မိမိတို့ စစ်ဆင်ရေး ဆောင်ရွက်မှု မှာ နယ်စပ်တစ်လျှောက်သာဖြစ်ကြောင်း၊ နယ်နိမိတ် ဖြတ်ကျော်ခြင်း မရှိကြောင်းဆိုသည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့် လဆန်းပိုင်းက အိန္ဒိယတပ်မတော် က ခွဲထွက်ရေး လက်နက်ကိုင်များကို စစ်ဆင်ရာတွင် မြန်မာ နယ် စပ်ကို ဖြတ်ကျော် တိုက်ခိုက်မှုများ ရှိခဲ့သည် ဟု သတင်းများထွက်ပေါ်ပြီးနောက် အိန္ဒိယအမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ အိန္ဒိယ ဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E. Mr. Ajit Doval နေပြည်တော် သို့ လာရောက်ဆွေးနွေးခဲ့ သည်။ ထိုစဉ်က နယ်စပ်ဒေသရှိ နာဂလက်နက်ကိုင်များကို ပူးတွဲစစ်ဆင်ရေးလုပ်ရန် အိန္ဒိယဘက်က တင်ပြမှု ကို မြန်မာက ပယ်ချခဲ့ကြောင်း အိန္ဒိယသတင်းများက ရေးသားဖော်ပြကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။