• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ဝှိုက်ကတ် ပြန်အပ်သူများကို စိစစ်၍ ကတ်အမျိုးအစား ၄ မျိုး ပြန်ထုတ်ပေး

by ထွန်းထွန်း
26 June 2015
in Ethnic Issues
A A
ဝှိုက်ကတ်, လဝက, ရခိုင်ပြည်နယ်

ဝှိုက်ကတ်ကိုင်ဆောင်ထားသော ဘင်္ဂါလီတဦး (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

3.3k
VIEWS
Share on FacebookShare on Twitter

သက်တမ်းကုန်ဆုံးပြီဖြစ်သည့် White card ခေါ် ယာယီသက်သေခံကတ် ပြန်လည် အပ်နှံထားသူများအား စိစစ်ကာ ကတ်အမျိုးအစား ၄ မျိုးခွဲ၍ ဇွန် ၂၄ ရက်နေ့အထိ ၂၁၉၀၇ ကတ် ပြန်လည် ထုတ်ပေးထားပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ချစ်က ပြောသည်။

ကတ်အမျိုးအစားများ အနေနှင့် နိုင်ငံသားစိစစ်ရေးကတ် ၁၆၈၃၉ ကတ်၊ အမျိုးသား သက်သေခံကတ်ပြား ၁၀၉၇ ကတ်၊ နိုင်ငံသားပြုခွင့်ကတ် ၁၁ ကတ်နှင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ၃၉၆၀ ကတ် တို့ကို ဇွန်လ ၅ ရက်နေ့က စတင်၍ စိစစ်ကာ ပြန်လည်ထုတ်ပေးထားကြောင်း သိရသည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
67
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
542
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
347

“ကတ်ပြန်အပ်ဖို့ ကာလတော့ မတိုးပေးတော့ဘူး၊ အခုကတ်အစားထိုး ပြန်ထုတ်ပေးနေတာကိုတော့ ရက် အကန့်အသတ် မရှိ လုပ်သွားမယ်။ ပြန်အပ်တဲ့အထဲက ၂ ဦးတော့ ဆုံးသွားတာ ရှိတယ်” ဟု ဦးတင်ချစ်က ဧရာဝတီသို့ ပြောသည်။

နိုင်ငံသားစိစစ်ရေး ကတ်များကို တိုင်းရင်းသား လူမျိုးစုများကိုသာ ထုတ်ပေးထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ ဝှိုက်ကတ် ပြန်လည် အပ်နှံထားသည့် ဘင်္ဂါလီများကို နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားများ ထုတ်ပေးထားကြောင်း သိရသည်။

ဝှိုက်ကတ်များ အစားထိုး ပြန်လည်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ အစိုးရပိုင်းက သေချာရှင်းလင်းအောင် ဆောင်ရွက်ပေးရန် လိုအပ်ပြီး ဒေသခံများ နားလည် သဘောပေါက်အောင် လုပ်ဆောင် ဖို့လိုကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

“အရင်က ၂ နှစ်စာအတွက် ဆိုပြီး နံပါတ်မပါ၊ လူမျိုးမပါတဲ့ကတ်တွေ ပေးတယ်။ လူတွေက ဒါကို သဘောမကျဘူး၊ ဘယ် ဥပဒေအရ ထုတ်ပေးလဲဆိုတာလဲ မပါဘူး။ ဒါကို အစိုးရက သေချာစိစစ်ပြီး နိုင်ငံသားပေးသင့်သူကို ပေးဖို့ လုပ်ပေးစေချင်တယ်” ဟု ဦးကျော်မင်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ဝှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ကို ပယ်ဖျက်ခဲ့ပြီးနောက် ပြန်လည် ပြင်ဆင်သည့် ရွေးကောက်ပွဲ နည်းဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ကတ် ကိုင်ဆောင်သူများသာ မဲပေးခွင့်ရမည် ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနအနေဖြင့် နိုင်ငံသား လျှောက်ထားမှုများကိုလည်း လက်ခံ ဆောင်ရွက်ပေးလျက် ရှိရာတွင် ရခိုင်ပြည်နယ်အတွင်း လာရောက်လျှောက်ထားသူမှာ လွန်စွာနည်းပါး လျက်ရှိနေသေးကြောင်း သိရသည်။

နိုင်ငံသားအဖြစ် လျှောက်ထားမှုများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆက်လက် စိစစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံသားအဖြစ် လာရောက် လျှောက်ထားကြစေလိုကြောင်း ဦးတင်ချစ်က ပြောကြားသည်။

ဝှိုက်ကတ် ခေါ် ယာယီသက်သေခံလက်မှတ်များမှာ သက်တမ်းကုန်ဆုံးပြီး နောက်ဆုံး အပ်နှံရမည့် မေလ ၃၁ ရက် နေ့အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပ်နှံသူ ၄၆၉၁၈၃ ဦးရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ သိရသည်။

Your Thoughts …
Tags: Immigration
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

နိုင်ငံသား ဖြစ်ခွင့်၊ ပြုခွင့်နဲ့ အနာဂတ်အတွက် ရွေးချယ်စရာများ

နိုင်ငံသား ဖြစ်ခွင့်၊ ပြုခွင့်နဲ့ အနာဂတ်အတွက် ရွေးချယ်စရာများ

by စနေလင်း
24 October 2014
4.9k

နိုင်ငံသား ပြုခွင့်ရတဲ့ သူတွေကတော့ ဥပဒေပါ ပြစ်မှုတခုခု ကျူးလွန်ရင်တော့ ပြန်ရုပ်သိမ်း နိုင်တယ်။ နိုင်ငံသား ဖြစ်ခွင့်ရတဲ့ သူတွေကိုတော့ ပြန်ရုတ်သိမ်းခွင့် မရှိဘူ …

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

by ကျော်ခ
11 April 2013
7.2k

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

ဧည့်စာရင်း, ရန်ကုန်

ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမှာလဲ

by သွေး (စစ်ကိုင်း)
2 October 2013
4.7k

ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။

ဘင်္ဂလားဒေ့ရှ်, ရခိုင်, နိုင်ငံသား

ရွှေ့ပြောင်း ရခိုင်မျိုးနွယ်စုများကို နိုင်ငံသားပေးရန် ၃ နှစ် စောင့်ကြည့်မည်

by မင်းအောင်ခိုင်
4 September 2015
6.5k

ကိုယ့်လူမျိုး တိုင်းရင်းသားတွေ ဆိုပေမယ့် သူတို့က ဟိုဘက်နိုင်ငံသား ဖြစ်နေတယ်လေ။ ဟိုဘက်နိုင်ငံသားကို စွန့်လွှတ်ပြီး ဒီနိုင်ငံမှာပဲ အမြဲနေတော့မယ် ဆိုရင်ရတယ်။ ဒါပေမယ့် ၃ နှစ်တော့ စောင့်ကြည့်ရမယ်

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

by လင်းသန့်
27 December 2012
13.9k

သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။

Next Post
ဒီမိုကရစေီ ပွကျလုံး

ဒီမိုကရစေီ ပွကျလုံး

တရားရုံး မထီမဲ့မြင်ပြုမှု, ပြန်ကြားရေး ဝန်ကြီးဌာန , စာနယ်ဇင်း

စာနယ်ဇင်း လွတ်လပ်ခွင့် နှင့် တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.7k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate