
ရခိုင်ပြည်နယ် မောင်တောဒေသရှိ ကယ်ဆယ်ရေး စခန်းမှ လှေစီးပြေး ဒုက္ခသည် ၇၀၀ ကျော် အနက် ထွက်ပြေးလွတ် မြောက်သွားသူ ယခုအခါ ၁၀ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ မာင်တောဒေသ၌ ထိန်းသိမ်း စောင့်ရှောက်ထားသည့် လှေစီးဒုက္ခသည် ၇၀၀ ကျော်သည် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်၌ တပ်မတော် (ရေ)က မေလ ၂၉ ရက်တွင် ဖမ်းဆီးမိခဲ့သူများ ဖြစ်သည်။ ထွက်ပြေး လွတ်မြောက်သွားသူများသည် နယ်စပ်ဒေသများဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ယူ ဆရကြောင်း၊ ၎င်းတို့အား နယ်ခြားစောင့် တပ်ဖွဲ့ အာဏာပိုင်များက ရှာဖွေနေကြောင်း၊ မောင်တောမြို့ပေါ်၌ လုံခြုံရေး ထူးခြားစွာ တိုးမြှင့်ထားခြင်း မရှိကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဦးရွှေသန်း က ဧရာဝတီကို ပြောသည်။ အလားတူ မေလ ၂၁ ရက်နေ့တွင်လည်း လှေစီး ဒုက္ခသည် ၂၀၈ ဦးကို ရခိုင်ပင်လယ်ပြင်၌ တပ်မတော် ( ရေ)က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မောင်တော၌ ခေတ္တ ထိန်းသိမ်းထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဇွန်လ ၉ ရက်နေ့က ပြန်လည် လွှဲပြောင်း ပေးခဲ့သည်။