
ဂျပန်နိုင်ငံ တိုကျိုမြို့အနောက်တောင်ဘက်ရှိ Hakone မီးတောင်မှာ ပြာများမှုတ်ထုတ်နေ သည့်အတွက် သတိပေးချက်များ မြင့်တက်လာနေပြီး ယင်းဒေသသို့ သွားရောက်မှုကို တင်းကျပ်ထားကြောင်း၊ ဂျပန်မြေငလျင်တိုင်းတာရေး အေဂျင်စီကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။ ယင်းဒေသသည် ကမ္ဘာလှည့်ခရီးသွားများ အများဆုံးသွား လာည်ပတ်သည့် ဒေသဖြစ်သည်။