“ထိုင်းနိုင်ငံအတွက် တရုတ်နိုင်ငံဟာ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တယ်၊ အကျပ်အတည်းအခြေအနေမှာတောင် စွန့်ခွာသွားမယ့်သူမဟုတ်ဘူးလို့ ထိုင်း- တရုတ် ဆက်ဆံရေး နှစ် ၄၀ ပြည့်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကပြောဆိုလိုက်ပါတယ်။ တရုတ်- ထိုင်း ဆက်ဆံရေးဟာ နှစ် ၄၀ အတွင်းမှာ စီးပွားရေးအပါအဝင် အားကစားကဏ္ဍအထိ တိုးတက်လာခဲ့သလို ထိုင်းစစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ တရုတ်နဲ့ စစ်ရေးဆက်ဆံရေးအထိပါ တိုးတက်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့နှစ်မှာတော့ ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ ဘေဂျင်းကို သွားရောက်ခဲ့သလို ထိုင်းကာကွယ်ရေးဝန်ကြီး Prawit Wongsuwon တရုတ်နိုင်ငံကို ၂ကြိမ် သွားရောက်ခဲ့ပါတယ်၊ အလားတူ တရုတ်ကာကွယ်ရေး ဝန်ကြီးလည်း ထိုင်းကိုလာ ရောက်လည်ပတ်ခဲ့ပါ တယ်။မကြာသေးမီကတော့ ထိုင်းရေတပ်အတွက် တရုတ်လုပ်ရေငုပ်သဘောၤဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံဟာ တရုတ်နဲ့ ဆက်ဆံရေးတိုးမြှင့်လာ ပေမယ့် ရင်းနှီးဆုံးမဟာမိတ်လို့ ဆို ရမယ့် အမေရိကန်နဲ့ ဆက်ဆံရေးကတော့ ထိုင်းစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယို့ယွင်းလာခဲ့ပြီး သံတ မန်ဆက်ဆံရေးပိုင်းမှာ အဆင့်လျော့ချမှုတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ဘန်ကောက်မှာ ကျင်းပမယ့် အမေရိကန် လွတ်လပ်ရေးနေ့ တက်ရောက်ဖို့ ဖိတ်ကြားမှုနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက ဂရုစိုက်စရာမလိုပါဘူးလို့ ပြောကြားခဲ့ကြောင်း The Nation သတင်းစာမှာ ရေးသားထားပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။