• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့ စီးပွားရေး ကျဆင်းနိုင်ဟု IMF ပြော

by သစ်နေမိုး
1 July 2015
in သတင်း
A A
မြန်မာ့စီးပွားရေး , IMF , ဘဏ္ဍာရေးဝန်ကြီးဌာန , အခွန် , GDP

ရန်ကုန် သီလဝါ ဆိပ်ကမ်း လုပ်ငန်းခွင် (ဓာတ်ပုံ - ဧရာဝတီ)

7.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးသည် ကျဆင်းနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ ငွေ ကြေး ရန်ပုံငွေအဖွဲ့(IMF) က ထုတ်ပြန်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဆိုင်ရာများ လေ့လာ အကြံပေးရန် ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ မြန်မာနိုင်ငံ လာ ရောက်ခဲ့သော IMF ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် ယနေ့ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသည် စီးပွားရေးကျဆင်းနိုင်သည့် အလား အလာများ ရင်ဆိုင် နေရ ကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
46
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
390
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
264

မြန်မာ့စီးပွားရေး ကျဆင်းလာနိုင်မှုနှင့် ဆက်စပ်၍ ဒေါ်လာတန်ဖိုး အားကောင်းလာခြင်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်း လာခြင်းက နိုင်ငံ၏ ဘတ်ဂျက်နှင့် ပြည်ပငွေပေးငွေယူအနေအထားများကို ပိုမိုအားလျော့စေကြောင်း၊ ချေးငွေများ အလျှင် အမြန် တိုးပွားလာခြင်း၊ ဘဏ္ဍာရေးလိုငွေများ တိုးလာခြင်းနှင့် ကုန်သွယ်ရေး လိုငွေပြမှုများလာခြင်းတို့ကလည်း ဈေးနှုန်း တည်ငြိမ်မှုနှင့် ပြည်ပ အပေးအယူတည်ငြိမ်မှုတို့အပေါ်တွင် အန္တရယ် ရှိလာ နိုင်ကြောင်း အဆိုပါ ကိုယ်စားလှယ် အဖွဲ့ က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချသင့်ကြောင်းနှင့် အသုံးစရိတ်များကို ဦးစားပေးအစီအစဉ်များနှင့် ပြန်လည် သတ်မှတ်သင့်ကြောင်း၊ အခွန်ငွေ ကောက်ခံမှုကို ပြန်လည် စိစစ် သတ်မှတ်သင့်ကြောင်း IMF ကိုယ်စားလှယ်အဖွဲ့က အကြံ ပြု ပြောဆိုသည်။

IMF ၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မစ္စတာ ယောင်ကျန်ယန်းက “တကယ်လိုအပ်တဲ့ ကျန်းမာရေးတို့ ပညာရေးတို့ အပိုင်းမှာ ပိုသုံးပြီးတော့ မရှိမဖြစ် မလိုအပ်တဲ့ အပိုင်းတွေမှာ လျှော့ချဖို့လိုပါတယ်။ ဒါတွေကို ဦးစားပေးအစီအစဉ်တွေ ပြန် သတ်မှတ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ဘဏ္ဍာရေးလိုငွေ ပြမှုဆိုသည်မှာ နိုင်ငံတော်က ရရန်ရှိသည့် ငွေပမာဏထက် သုံးရန်ရှိသည့် ငွေပမာဏက များပြားနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးလိုငွေပြမှုမှာ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းအသားတင် ကုန် ထုတ် လုပ်မှု တန်ဖိုးပမာဏ GDP ၏ ၃ရာခိုင်နှုန်းသာရှိသော်လည်း တကြိမ်တခါသာ ရနိုင်သည့် ဆက်သွယ်ရေး လိုင်စင်မှ ဝင်ငွေ နှင့် သဘာဝဓာတ်ငွေ့ရောင်းရသည့် ဝင်ငွေများကို ဖယ်ထုတ်လိုက်ပါက ဘတ်ဂျက်လိုငွေပြမှုသည် နိုင်ငံ GDP ၏ ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှုများ အရ နိုင်ငံ၏ ဘဏ္ဍာရေးလိုငွေကို GDP ၏ ၅ရာခိုင်နှုန်း ထက်မ ကျော် ရန် သဘောတူထားခဲ့ကြောင်း သိရှိရသည်။

ပြည်တွင်းအခြေစိုက် ဘဏ္ဍာရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့များကလည်း နိုင်ငံတော်၏ အခွန်ငွေ ကောက်ခံမှု အပိုင်းကို ပြန်လည်သုံးသပ်ရန် အကြံပြုထားကြပြီး အဆိုပါအဖွဲ့များ၏ အကြံပြုချက်အရ လက်ရှိ စည်းကြပ်သည့် ဝင်ငွေခွန် အမြင့် ဆုံး ရာခိုင်နှုန်းမှာ ကျပ်သိန်း ၃၀၀နှင့် အထက် ၂၅ရာခိုင်နှုန်းသာ ဖြစ်နေ၍ ယင်းသတ်မှတ်ချက်ကို ပြောင်းလဲ ကောက် ခံ သင့်ကြောင်း၊ သိန်း၄၀၀ နှင့် ၅၀၀ အကြား ဝင်ငွေများအတွက် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း၊ သိန်း ၅၀၀ နှင့် ၆၀၀ အကြား ဝင်ငွေများအတွက် အခွန် ၃၅ ရာခိုင်နှုန်းနှင့် သိန်း ၆၀၀ နှင့် အထက်ကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံ သင့် သည် ဟု သိရှိရသည်။

Your Thoughts …
Tags: Business
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
မန္တလေးတွင် လက်နက်မှုဖြင့် အဖမ်းခံရသူများ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံရမည်ဟု ဆို

မန္တလေးတွင် လက်နက်မှုဖြင့် အဖမ်းခံရသူများ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံရမည်ဟု ဆို

မင်းအုပ်စိုးအမှု လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ လာရောက်လေ့လာ

No Result
View All Result

Recommended

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.5k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate