လူသတ်မှုပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထားသည့် သရုပ်ဆောင် မင်းအုပ်စိုးအား ၂၃ ကြိမ်မြောက် ရုံးချိန်းအဖြစ် ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးခဲ့ရာ တရားခွင်သို့ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေလည်း လာရောက်လေ့လာခဲ့သည်။ “အမှုကိုအမှန်တိုင်းဖြစ်စေဖို့ မျက်နှာလာပြတာပဲ”ဟု အမှုစစ်တရားခွင်အတွင်း လာရောက်လေ့လာခြင်းနှင့်ပတ်သက်ပြီး ဦးလှဆွေက ရှင်းပြခဲ့သည်။ ယင်းအမှုတွင် နောက်ကွယ်က လက်သိပ်ထိုး လုပ်ဆောင်နေမှုများ ရှိသည်ဟု ကောလာဟလ ကြားရကြောင်းလည်း သူက ပြောဆိုသွားသည်။ မင်းအုပ်စိုး၏ရှေ့နေမှ တင်ပြထားသည့် သက်သေနှစ်ဦးကိုလည်း ဆက်လက်စစ်ဆေးရန် ကျန်နေပြီး ဇူလိုင် ၈ ရက်နေ့သို့ ရုံးချိန်း ထပ်မံချိန်းဆိုခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။