ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ဖြစ်ပွားခဲ့သောခရီးသည်ပေါင်း ၄၃ ဦးသေဆုံးခဲ့ရသည် ထိုင်ဝမ်လေကြောင်း လိုင်း(TranAsia) မှ ATR 72 -600 အမျိုးအစားလေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးက အင်ဂျင်စက်ကို ပိတ်လိုက်သည့် အတွက်ဖြစ်ကြောင်း ယနေ့ နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ စစ်ဆေးရရှိသည့် အချက်အလက်များအရ အဆိုပါလေယာဉ်သည် အင်ဂျင်စက်တလုံးရပ်သွား သဖြင့် ကျန်တလုံးဖြင့် ပျံသန်းနေစဉ် လေယာဉ်မှူးက စက်ကိုပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၅၈ ဦးတင်ဆောင်လာပြီး မြစ်အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။