အိမ်ဖြူတော်မှာ နှစ်ပေါင်း ၄၀ကြာ ပိတ်ပင်ထားတဲ့ ဓာတ်ပုံရိုက်ခွင့်ကို သမ္မတကတော် မစ်ရှယ်အိုဘားမားက တရားဝင် ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိမ်ဖြူတော်ကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ တိုးရစ်တွေဟာ ဓာတ်ပုံရိုက်ခွင့် ရသွားပါပြီ။ ဒီဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုမှာတင် မဟုတ်ပဲ နိုင်ငံတကာကလည်း ကြိုဆိုလိုက်ပါတယ်။ အမေရိကန် သမ္မတတွေရဲ့ သမိုင်းပညာရှင် Robert Dallek ကတော့ ဒီဆုံး ဖြတ်ချက်ဟာ အိမ်ဖြူတော်မှာ ပွင့်လင်းမြင်သာမှု ရှိကြောင်းနဲ့ ဖုံးကွယ်ထားမှု မရှိဘူးဆိုတာ ကို ပြသလိုက်တာပဲလို့ ပြောဆိုသွားခဲ့ပါတယ်။ အိမ်ဖြူတော်မှာတော့ “ ဓာတ်ပုံရိုက်ခြင်းကို ခွင့်ပြုအားပေးပါတယ် “ ဆိုတဲ့ ဆိုင်းဘုတ်ငယ် ကို ထောင်ထားလိုက်ပြီ ဖြစ်ပါတယ်။ The New York Times သတင်းစာမှာ သွားရောက်လည်ပတ်သူတွေအတွက် အံ့အားသင့် ဝမ်းသာစရာ သတင်းကောင်းပဲလို့ ရေးသားထား ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။