အချိုရည် ကိုကာကိုလာ ကုမ္ပဏီနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ပြည်တွင်းလုပ်ငန်းရှင် Coca – Cola Pinya Beverages Myanmar (CCPBM) ရဲ့ ဒါရိုက်တာ ဒေါ်ရွှေစင်ဟာ အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ ကျောက်စိမ်းကုမ္ပဏီ တခုဖြစ်တဲ့ Xie Family ကုမ္ပဏီနဲ့ ပတ်သက်နေသူ ဖြစ်ကြောင်း Global Witness အဖွဲ့ကြီးက သတင်း ထုတ်ပြန်ခဲ့ ပါတယ်။ ဒေါ်ရွှေစင်ဟာ Xie Family ကုမ္ပဏီမှာ အစုရှယ်ယာအနည်းငယ် ပါဝင်နေတာ ဖြစ်ပြီး၊ ကိုကာကိုလာ ကုမ္ပဏီကလည်း သူ့ရဲ့ အကျိုးတူလုပ်ငန်းရှင် ဒေါ်ရွှေစင်ဟာ ကျောက်စိမ်းကုမ္ပဏီနဲ့လည်း ရှယ်ယာယူထားတဲ့ သူဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ကိုကာကိုလာ ကုမ္ပဏီကတော့ သူ့ရဲ့ အကျိုးတူ လုပ်ငန်းရှင် ဒေါ်ရွှေစင်နဲ့ Globar Witness အဖွဲ့ကြီးအကြား တွေ့ဆုံစကားပြောဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။