မြန်မာနိုင်ငံ ကျေးလက်ဒေသနေ ပြည်သူများအတွက် ကျန်းမာရေး ဆေးပေးခန်းများ၊ စာသင် ကျောင်းများ၊ လမ်းတံတားနှင့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများကို ပြုပြင်မွမ်းမံရန်နှင့် အသစ် တည်ဆောက်နိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ထပ်မံ ပေးအပ်သွားရန် ကမ္ဘာ့ဘဏ်က ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။ “ လက်ရှိမှာ မြို့နယ် ကိုးမြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၁၇၀၀ အတွက် ရေရရှိရေး၊ စာသင်ကျောင်း၊ လုံခြုံကောင်းမွန်တဲ့ လမ်းတံတား စတာတွေကို တည်ဆောက်သွားနိုင်ဖို့ ကူညီလျက်ရှိပြီး ထပ်မံ ပေးအပ်တဲ့ ရန်ပုံငွေနဲ့ စုစုပေါင်း မြို့နယ် ၆၂ မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး Ulrich Zachau က ပြောသည်။ မြန်မာနိုင်ငံအစိုးရသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်သည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း ရန်ပုံငွေနှင့် အီတလီနိုင်ငံ အစိုးရ၏ ပူးတွဲ ပံ့ပိုးသည့် ဘဏ္ဍာရေး အကူအညီဖြင့် လုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ရာ တစ်နိုင်ငံလုံးရှိ မြို့နယ် စုစုပေါင်း ၆၂ မြို့နယ်ရှိ လူဦးရေ ခုနစ်သန်းခန့်အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံ အဆောက်အဦများနှင့် လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။ ယခု စီမံကိန်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခု လက်ရှိ စီမံကိန်း အဆင့်တွင် စီမံကိန်း လုပ်ငန်းငယ်ပေါင်း တစ်ထောင်ကျော် ဆောင်ရွက်သွားရန် ကျေးလက်ပြည်သူများက ရပ်ရွာအတွက် သင့်လျော်မည့် လုပ်ငန်းများကို ရွေးချယ်သွားမည်ဖြစ်ပြီး လုပ်ငန်းအလိုက် လိုအပ်သည့် ဒီဇိုင်းပုံစံများကို တိုင်ပင်ဆွေးနွေးကာ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။