ကရင်ပြည်နယ်နှင့် အရှေ့တောင်ပိုင်း ဒေသနှင့် အတွင်း မြေယာသိမ်းဆည်းမှုနှင့် စီမံကိန်းများကြောင့် ပတ် ဝန်းကျင်ပျက်ဆီးမှု နောက်ဆက်တွဲ ဆိုးကျိုးများကို ဒေသခံပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့်များချပေးသည့်အပြင် ၎င်းတို့၏ တပ်စခန်းများ ဆောက်လုပ်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်ကျင် ပျက်ဆီးလာသည့် ဆိုးကျိုးများကို ဒေသခံများ ခံစားနေရကြောင်း မြေယာသိမ်းဆည်ခံရမှုနှင့် ပတ်သက်၍ ဒေသခံအနည်းငယ်သာ လျော်ကြေးငွေရရှိပြီး အများစုမှာ လျော်ကြေးငွေရရှိခြင်း မရှိသေးပဲ စီမံကိန်းများကြောင့် ရေလွှမ်းမိုးသဖြင့်လယ်ယာများ ပျက်ဆီးခြင်း၊ စွန့်ပစ် ပစ္စည်းများကြောင့် ရေအဆိပ်သင့်ခံရခြင်း၊ အရေပြားနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ရရှိခြင်းနှင့် အခြားဒေသများသို့ ရွေ့ပြောင်းနေထိုင်ရမှုများ ကြုံတွေ့နေရကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်သည့် ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) ၏ အစီအရင်ခံစာတွင် ဖော်ပြ ထားသည်။ KHRG ၏ အစီရင်ခံစာကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ဒေသအချို့အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ဇန်နဝါရီလ အထိ ကောက်ယူရရှိသော အချက် အလက်များကို အစီအရင်ခံ ရေးသားထုတ်ပြန်ခြင်း ဖြစ်ကြောင်း KHRG မှ ကွင်းဆင်းညွန်ကြားရေးမှူး စောအဲလ်ဘတ်က ပြောသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။