ဗီယက်နမ်ရေတပ်အတွက် စတုထ္တမြောက် ရုရှားလုပ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောတစီး ပြီးခဲ့သည့် အင်္ဂါနေ့ က ရုရှားမှ ဗီယက်နမ် ကမ်းရန်ပင်လယ်အော်ရှိ ရေတပ်စခန်းသို့ ရောက်ရှိလာကြောင်း ဗီယက်နမ်သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ရေငုပ်သင်္ဘောတွင် Club –S အမျိုးအစား ခရုစ်ဒုံးကျည်တတ်ဆင်ထားပြီး၊ ရေအနက် မီတာ ၃၀၀ အထိ ငုပ်နိုင်ပြီး၊ တနာရီလျှင် ၃၇ ကီလိုမီတာ သွားနိုင်ကြောင်း၊ တောင်တရုတ်ပင်လယ်နှင့် ဗီယက်နမ် ကမ်းခြေကို ကောင်းစွာကာကွယ်နိုင်ကြောင်း သိရသည်။ HQ- 185 အမည်ပေးထားသည့် ရေငုပ်သင်္ဘောကို ပြီးခဲ့သည့်နှစ် မတ်လက စိန့်ပီတာစဘတ် ရေတပ်သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်းပြီး ဘောလတစ်ပင်လယ်တွင် အစမ်းမောင်းနှင်ခဲ့ကြောင်း၊ Club –S အမျိုးအစား ခရုစ်ဒုံးကျည်မှာလည်း ၃၀၀ ကီလိုမီတာအကွာအဝေးအထိ ပစ်ခတ်နိုင်သည်၊ ဗီယက်နမ်သည် ၂၀၀၉ခုနှစ်ကတည်းက ရေငုပ်သင်္ဘောများ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကျန်သည့် ရေငုပ်သင်္ဘောကို ၂၀၁၆ခုနှစ်တွင် အပြီးတည်ဆောက်မည်ဟုသိရသည်။ အရှေ့တောင်အာရှ နိုင်ငံများအနက် ဗီယက်နမ်က ရုရှားလုပ်ရေငုပ်သင်္ဘောများ ရေပြင်ပိုင်နက်ကာကွယ်ရေး အတွက် ဖြည့်တင်းနေသကဲ့သို့ ထိုင်းနိုင်ငံကလည်း တရုတ်လုပ်ရေငုပ်သင်္ဘော ဝယ်ယူရန် မကြာသေးမီက ဆုံးဖြတ်ခဲ့သည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။