• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် တပြိုင်တည်း ကျင်းပမည်

by ဇူးဇူး
3 July 2015
in Election 2020
A A
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ , ရွေးကောက်ပွဲ

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမှုမြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

3.4k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(ဃ) ပြင်ဆင်နိုင်ရန်အတွက် ပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ပူးတွဲပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရ သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ပူးတွဲပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပြည်ထောင် စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇူလိုင် ၁ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
496
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
56
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.4k

“ဟုတ်ပါတယ်။ တပြိုင်တည်း လုပ်သွားမယ်။ မူကြမ်း ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ မဲရုံတို့၊ မဲရုံမှူး အဖွဲ့ဝင်တို့၊ မဲလက်မှတ် တို့၊ မဲပုံးတို့၊ ဆန္ဒပြုခန်းတို့ အဲဒါတွေ အကုန်လုံး လိုအပ်တဲ့ ရန်ပုံငွေတွေ၊ ပစ္စည်းကိရိယာတွေ တွက်ချက်ပြီး ဆောင်ရွက်နေပါတယ်။ နည်းဥပဒေကတော့ ရေးဆွဲပြီး အတည်ပြုဖို့အတွက် လုပ်နေတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းထုတ်ပြန် ရေး အဖွဲ့ဝင် ဦးသောင်းလှိုင်က ဧရာဝတီကို ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို တချိန်တည်း၊ တပြိုင်တည်း ပြုလုပ်မည် ဆိုသော်လည်း လိုအပ်သည့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များကို ခွဲခြားထားမည်ဖြစ်ပြီး သီးခြားနည်းဥပဒေ ပြဋ္ဌာန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မဲလက်မှတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုစဉ်ကကဲ့သို့ ထောက်ခံသည် (သို့မဟုတ်) ကန့်ကွက် ဆိုသည့် နေရာတွင် အမှတ်အသား ပြုရသည့် ပုံစံမျိုး ပြုလုပ်သွားရန် အကြမ်းဖျင်း လျာထားသည့်အတွက် မဲဆန္ဒရှင်များ အခက်အခဲ ရှိမည်မဟုတ်ကြောင်း ဦးသောင်းလှိုင်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းတွင် တင်သွင်းခဲ့သည့် ပုဒ်မ၊ ပုဒ်မခွဲ (၆) ခု အနက်မှ ပုဒ်မ ၅၉ (ဃ) တခုတည်းသာ ထောက်ခံဆန္ဒမဲ ၅၅၆ မဲဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူနိုင်ရန် အောင်မြင်ခဲ့သောကြောင့် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ ကုန်ကျမှုများကို လျှော့ချနိုင်ရေးအတွက် ထိုကဲ့သို့ ပူးတွဲဆောင်ရွက်ရေး ကော်မရှင်ထံ စာပေးပို့ရန် ဦးရွှေမန်းက ဇူလိုင် ၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ သီးခြားလုပ်မယ်ဆိုရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ အားလုံး ထပ်မံ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ယခုနှစ် အောက်တိုဘာကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပူးတွဲပြီး ဆောင်ရွက်ရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ၊ ကုန်ကျမှုတွေကို လျှော့ချနိုင်တဲ့အပြင် ဥပဒေအရ အကျိုးသက်ရောက်မှုလည်း ထိခိုက်တဲ့ အခြေအနေ မရှိကြောင်း သုံးသပ်တွေ့ရှိ ရပါတယ်”ဟု သူရဦးရွှေမန်းက ပြောဆိုသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူရာတွင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့် ဖြစ်သောကြောင့် ထိုကဲ့သို့ အကြောင်းကြားစာ ပေးပို့ရခြင်း ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပ မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားသည်။

Your Thoughts …
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
DKBA, တပ်မတော် , အာရှလမ်းမ

အစိုးရတပ်နှင့် DKBA တိုက်ပွဲ ရပ်စဲလိုက်ပြီ

အနည်းဆုံး လုပ်ခလစာ, အလုပ်သမား

အနည်းဆုံး အခကြေးငွေ ၃,၆၀၀ ကျပ်၌ ထပ်တိုးစရိတ်များ ပေါင်းထည့်ရမည်ဟု ဆို

Please login to join discussion
No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate