အချိန်ကြာမြင့်စွာရွေ့ဆိုင်းခံထားရသည့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မြန်မာ- ထိုင်း- ဂျပန်နိုင် ငံအကြား ယနေ့တွင် သဘောတူစာချုပ်မူကြမ်း အပြီးသတ် လက်မှတ်ရေးထိုးမည်ဖြစ်သည်။ ဂျပန်နိုင်ငတွင် ကျင်းပနေသည့် မဲခေါင်အဖွဲ့ဝင် ငါးနိုင်ငံ၏ စီးပွားရေးဖိုရမ်ကို တက်ရောက်ရန် သမ္မတ ဦးသိန်း စိန်၊ ထိုင်းဝန်းကြီးချုပ် ပရာယွဒ် ချန်အိုချာတို့ တက်ရောက်နေပြီး ဤစီမံကိန်းသည် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ ၏ စီးပွားရေးစင်္ကြန်တခုဖြစ်လာမည်ဖြစ်ပြီး၊ ဂျပန်နိုင်ငံအတွက်လည်း မဲခေါင်- ဂျပန် ပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာ အသစ်ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် The Natioan သတင်းစာတွင် ရေးသားထားသည်။ စတုရန်း ကီလိုမီတာ ၂၀၀ ကျယ်ဝန်းသည့် စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ ရထားလမ်း၊ ကားလမ်း၊ စွမ်းအင်စီမံကိန်းများပါဝင်မည်ဖြစ်ပြီး၊ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာ တို့ကို ကုန်းလမ်းမှ ဆက်သွယ်ပေး မည့် မဟာမဲခေါင် တောင်ဘက် စီးပွားရေးစင်္ကြံ၏ အနောက်တံခါးပေါက်အဖြစ် မဟာ ဗျူဟာကျစွာ တည်ရှိကာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၊ ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တို့မှတစ်ဆင့် ထားဝယ် ဒေသအထိ ရောက်ရှိမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘောဒီးယားနယ်စပ်မှ မြန်မာနယ်စပ်အထိ ဖောက်လုပ်မည့် ဂျပန်-ထိုင်း ပူးပေါင်းရထားလမ်း ကွန်ရက်၏ အဆက်အဖြစ် ထားဝယ် အထိ ဆက်လက်ဖောက်လုပ်နိုင်ရေး သုံးနိုင်ငံ ဆွေးနွေးနေသည်။ ယမန်နေ့က အဆိုပါ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှ စီးပွားရေးဇုန်များ၊ စက်မှုဇုန်များတွင် အစိုးရချင်းဖြစ်စေ၊ ပုဂ္ဂလိကအနေဖြင့်ဖြစ်စေ နည်းပညာ ဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဖိတ် ခေါ်လိုကြောင်း ပြောကြားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။