ဆီးရီးယားနိုင်ငံ Palmyra မြို့က ထင်ရှားတဲ့ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ခန့်က ရှေးဟောင်း ခြင်္သေ ရုပ်တုကို IS အဖွဲ့က ဖျက်ဆီးလိုက်တယ်လို့ ဆီးရီးယား ရှေးဟောင်းသုတေသန ဌာနမှ ဒါရိုက်တာ Maamoun Abdelkarim ကပြောလိုက်ပါတယ်။ ဒီရှေးဟောင်းရုပ်တုကို Al- Lat၏ ခြင်္သေလို့ လူသိများပြီး ၁၅တန် အလေးချိန်ရှိကာ ၁၀ပေမြင့်တယ်လို့လည်း သိရပါတယ်။ ဒီခြင်္သေရုပ်ဟာ ရှားပါးတဲ့ အရုပ်ဖြစ်ပြီး IS လုပ်ရပ်ဟာ ရာဇဝတ်မှုတခုလိုပဲလို့ သူကပြောလိုက်ပါတယ်။ ဒီရုပ်တုဟာ ခရစ်တော်မပေါ်မှီ ၁ ရာစုခန့်ကဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ ပိုလန်ရှေးဟောင်း သုတေသနအဖွဲ့က Al- Lat ဘုရားကျောင်းမှ တူးဖော်ရရှိခဲ့တာပါ။ IS အဖွဲ့ဟာ Palmyra မြို့ကို ပြီးခဲ့တဲ့ မေလက အစိုးရတပ်တွေလက်ထဲက သိမ်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ Al- Lat ဘုရားကျောင်းကိုလည်း ဖျက်ဆီးခဲ့ပြီးပါပြီ၊ မနေ့ကတော့ IS အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာမှနေပြီး Palmyra အုတ်ဂူ ခွာယူထားတဲ့ ကိုယ်တပိုင်းပုံ ရှေးဟောင်း ယောကျာ်၊ မိန်းမ ရုပ်တုပေါင်း ၈၀လောက်ကို ဓာတ်ပုံရိုက်ကာ ရောင်းချဖို့ ဖော်ပြထားပါတယ်။ အဲဒီ IS အဖွဲ့ဟာ အီရတ်နိုင်ငံမှာရှိတဲ့ ရှေးဟောင်းရုပ်တုကြီးတွေကိုလည်း ဖျက်ဆီးခဲပါသေးတယ်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။