ကျောက်ဖရားမြစ်ရေ ခမ်းခြောက်မှု မြေပြိုနိုင်မည့်အန္တရာယ်ရှိကြောင်း သတိပေး
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံရှိ ကျောက်ဖရား မြစ်ရေခမ်းခြောက်လာနေမှုကြောင့် မြစ်ကမ်းနံဘေး နေထိုင်သူများအနေဖြင့် ကမ်းပြိုမှု အန္တရာယ် ဖြစ်လာနိုင်သည့် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ချိုင်နတ်၊ နခွန်ဆဝမ်၊ ဥဒုံဌာနီ ပြည်နယ်၃ခု၌ အကြံပြု ပြောဆိုထားကြောင်း ကျောက်ဖရားဆည် ဒါရိုက်တာ Ekasit Sakdeethanaporn ၏ သတိပေးပြောဆိုမှုကို ကိုးကား၍ ဘန်ကောက်ပိုစ် သတင်းစာတွင် ရေးသားသည်။ မြစ်ကမ်းနံဘေး နေသူများအနေဖြင့် မြေပြိုကျမှု လက္ခဏာများကို အနီးကပ်စောင့်ကြည့်ရန်၊ ကာကွယ်ရမည့် နည်းလမ်းကို ရှာဖွေရန်၊ ဖြစ်လာပါက ဘေးလွတ်ရာသို့ ရှောင်းတိမ်းရန် အကြံပြုထားကြောင်း သိရသည်။ဤကဲ့သို့ မြစ်ကမ်းပါးပြိုရခြင်းမှာ မြစ်ရေလျင်မြန်စွာကျဆင်းလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း သူကဆိုသည်။ မနေ့ကလည်း ဆာရာဘူရီနှင့် အယုဒ္ဓယတို့တွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့သေးသည်။