နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် Myanmar National Airlines (MNA)သည် လာမည့် သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ စင်ကာပူနိုင်ငံသို့ တပတ်လျှင် ၆ ကြိမ် ပျံသန်းပြေးဆွဲတော့မည်ဖြစ်ကြောင်း MNA က သတင်းထုတ်ပြန်သည်။ အသစ်ရောက်ရှိလာသည့် ဘိုးရင်း 737 – 800 လေယာဉ်ဖြင့် ရန်ကုန်မှ စင်ကာပူ သို့ နံနက် ၁၀နာရီ ၁၅ မိနစ်(ရန်ကုန်အချိန်)တွင်ထွက်ခွာမည်ဖြစ်ပြီး လည်းကောင်း၊ စင်ကာပူမှ ရန်ကုန်သို့ ညနေ ၄နာရီ(စင်ကာပူအချိန်)တွင်ထွက်ခွာမည်ဖြစ်သည်။ လက်မှတ်များကို www.flymna.com တွင် ဝယ်ယူနိုင် ကြောင်းသိရသည်။ MNAသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်- နေပြည်တော်- မန္တလေး ပြည်တွင်းခရီးစဉ်များ ပြေးဆွဲခဲ့ပြီး၊ လာမည့်အောက်တိုဘာလတွင် အမေရိကန်နိုင်ငံထုတ် ဘိုးရင်းလေယာဉ်တစီး ထပ်မံရောက်ရှိမည်ဟု လေကြောင်း အသိုင်းအဝန်းမှသိရသည်။ယခုဆိုလျှင် စင်ကာပူနှင့် ရန်ကုန်ခရီးစဉ်တွင် MAI၊ Singapore Airlines၊ Jet Star Airways၊ Silk Air ၊Tiger Airlines စသည့်လေကြောင်းလိုင်းတို့ ပြေးဆွဲနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။