နေပြည်တော်တွင် ၁၃ ရက်ကြာ ကျင်းပပြီးစီးခဲ့သော ၅၂ ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၆၂ ဘီလီယံ(ယူရိုငွေ ၉၄၉ သန်း) ရောင်းချခဲ့ရပြီး ယခင်နှစ်များထက် များစွာ ဝင်ငွေကျဆင်းသွားကြောင်း အစိုးရ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ၅၂ ကြိမ်မြောက် ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၈၉၄၃ တွဲ ရောင်းချခဲ့ရပြီး ကျောက်မျက်တွဲ ၃၂၃ တွဲ ရောင်းချ ခဲ့ရ ကြောင်း၊ ယမန်နှစ် ၅၁ ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ရောင်းချ ခဲ့ရ သော်လည်း ယခုနှစ်တွင်မူ ယခင်ထက်များစွာ ကျောက်မျက်ရောင်းရငွေ ကျဆင်းသွားကြောင်း၊ ယခုနှစ် ကျောက်မျက်ပြပွဲ သို့ ရတနာကုန်သည် ၄၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။