အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့ ယနေ့ နံနက်ပိုင်း ၈ နာရီ ဝန်းကျင်မှ စ၍ ကော့ကရိတ် မြို့နှင့် မြဝတီမြို့ကြားရှိ DKBA စခန်း ၇ နေရာတွင် တိုက်ပွဲများဖြစ်နေကြောင်း သတင်းရရှိသည်။ေ ကာ့ကရိတ်မြို့အထွက် ကောင်းမှု ဂိတ်၊ ကော့ကရိတ် မရောက်မီ ယာကုတ်စခန်း၊ အာရှလမ်းမကြီးပေါ်ရှိ ရေတံခွန်နေရာ၊ အောက် ဗိုလ်တဲစခန်း၊ တောင် သုံးလုံးစခန်း၊ တောင်ပြ စခန်း၊ မြိုင်ကြီးငူနှင့် ၇ မိုင်အကွာ(DKBA စစ်ဌာနချုပ်ကို တက်သည့်လမ်း- အရေးကြီးစခန်း)ရှိ မဲသဝေါစခန်း တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု DKBA ထောက်လှမ်းရေးမှူး ဗိုလ်ကြီးစောသရီးထူးက ဧရာဝတီ ကို ပြောသည်။ DKBA ကလို့ ထူးဝါး စစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း သတင်းရရှိသည်။ အစိုးရ တပ်မတော်နှင့် DKBA တိုက်ပွဲများနှင့် ပတ်သက်ပြီး ယနေ့ ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်ထောင်စု ခန်းမ ၌ ၂ ဘက်တာဝန်ရှိသူများကလည်း ဆွေးနွေးနေကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။