သတင်းတို
ကမ္ဘာ့ အသက်အရှည်ဆုံး ဂျပန်အဖိုးအို ကွယ်လွန်
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့အသက်အရှည်ဆုံး ဂျပန်အဖိုးအို Sakari Momoi (၁၁၂နှစ်) သည် ကွယ်လွန်သွားပြီဟု သူနေထိုင်ရာ တိုကျိုမြို့မြောက်ပိုင်း စီတာမာမြို့ အာဏာပိုင်များက ပြောဆိုကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ နှောင်းပိုင်းက ကွယ်လွန်သွားခြင်းဖြစ်ပြီး ၊ သူ့ကို ရိုက်ညီနောင် လေယာဉ်ပျံကို အောင်မြင်စွာ မပျံသန်းနိုင်မီကာလ ၁၉၀၃ ခုနှစ် ဖေဖေါ်ဝါရီ ၅ရက်နေ့တွင် မွေးဖွေး ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကမှ သူ့ကို ကမ္ဘာအသက်ရှည်ဆုံး အမျိုးသား ဂင်းနစ်စံချိန်ဝင်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သူနောက်ထပ် ၂နှစ်ကျော်ကျော် အသက်ရှည်ချင်ကြောင်း တိုးညှင်းလေသံဖြင့် ပြောဆိုခဲ့သည်ဟု သိရသည်။သူသည်အထက်တန်းကျောင်း အုပ်ကြီးဟောင်းတဦးဖြစ်သည်။