ထိုင်းနိုင်ငံ၌ မိုးခေါင်ရေရှားမှုကြောင့် ဘန်ကောက်မြို့တွင် သောက်သုံးရေ တလခန့် ပြတ်တောက်သွားနိုင် ကြောင်း၊ ယခုအချိန်မှာ ကုန်ဆုံးသွားသည့် ရေအရင်းအမြစ်များကို ပြန်လည်ဖြည့်တင်းရန် မိုးရွာရမည်ဖြစ်သော် လည်း မိုးမရွာသည့်အတွက် တနိုင်ငံလုံး မိုးကို မျှော်နေကြောင်း ဘန်ကောက်မြို့တော်ရေပေးဝေရေး အာဏာပိုင် အဖွဲ့ပြောကြားချက်ကို ကိုးကားပြီး Bangkok post သတင်းတွင် ရေးသားထားသည်၊။ ဤ အဖြစ်အပျက်မှာ ဆယ်စုနှစ်တခုကျော်အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း၊ ရေပေးဝေနေသည့် ဆည်များရှိ ရေပမာဏကို လျော့ကျမသွားရန် လယ်သမားများအား ပြီးခဲ့သည့်အောက်တိုဘာလက်တည်းက စပါးမစိုက်ရန် သတိပေးထားကြောင်း၊ သို့သော်လည်း အဓိက ရေလှောင်ကန်ကြီး ၃ခုတွင် ရေပမာဏ သိသိသာသာ လျော့နည်းလာကြောင်း ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။