
မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားသည့် နိုင်ငံခြားသားများအနက် ကော်မတီအဆင့်ဆင့်နှင့် အထက်အဆင့်များသို့ စိစစ်အတည်ပြုပြုပြီးသူများအား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၌ ဝန်ကြီး ဦးခင်ရီနှင့် ကော်မတီဝင်များ က ကိုယ်ရေးအချက်အလက်၊ ပြဋ္ဌာန်းထားသော နည်းဥပဒေပါ အချက်အလက်များအပေါ် လိုက်နာဆောင် ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ တစ်ဦးချင်းတွေ့ဆုံမေးမြန်းပြီး အကဲဖြတ်အတည်ပြုဆုံးဖြတ်၍ မကြာမီတွင် အမြဲတမ်းနေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးတော့မည်ဟု အစိုးရသတင်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR)စနစ်ကို ကာလရှည်ကြာစွာ လာရောက်နေထိုင်ရင်းနှီးမြှုပ်နှံလိုသူများ၊ ကျွမ်းကျင် ပညာရှင်များ၊ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လိုသည့် မြန်မာနိုင်ငံသားဟောင်းများ နှင့် ၎င်းတို့နှင့် သွေးချင်းဆက်စပ်နေသော နိုင်ငံခြားသားများ စသည်ဖြင့် ၄မျိုးခွဲခြား ကာ သတ်မှတ်ထားသော အမှတ်ပေးစံနှုန်းစနစ် တို့ အရ စိစစ်သုံးသပ် ခွင့်ပြုမည်ဟု သိရသည်။