ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်အစိုးရ၏ အထူး သံတမန်နှင့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA ဦးဆောင်သည့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ စစ်ဦးစီးချုပ်ဟောင်း ဖြစ်သူ Mr. Shigery IWASAKI ၊ ဆာဆာကာဝါ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း(USA) ၏ ဥက္ကဋ္ဌ အမေရိကန် အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဖြစ်သူ Mr. Dennis C. Blair တို့ ပါဝင်သောအဖွဲ့တို့ မနေ့က နေပြည်တော်တွင် တွေ့ဆုံကာ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု တိုးမြှင့်ရေး ကိစ္စရပ်များ ၊ အရာရှိကြီးများ ချစ်ကြည်ရေး ခရီးစဉ် ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ ကာကွယ်ရေး တက္ကသိုလ်တွင် မြန်မာဗိုလ်လောင်းများ တက်ရောက် သင်ကြားမှု ကိစ္စရပ်များ၊ ဂျူဒိုနှင့် လှံစွပ်ထိုးစသည့် အားကစားများ မြှင့်တင်ရေးအတွက် နည်းပြများ စေလွှတ်ရေး၊ ဝတ်စုံများ ကူညီထောက်ပံ့ရေး ကိစ္စရပ်များ၊ ဒုက္ခသည်များ ကူညီထောက်ပံ့မှု ကိစ္စရပ်များနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးကြသည်။ နိပွန်ဖောင်ဒေးရှင်းသည် မြန်မာပြည်ငြိမ်ချမ်းရေးကိစ္စများကို ကူညီနေ သည့် အဖွဲ့ဖြစ်ပြီး၊ ၎င်းအဖွဲ့ လာရောက်တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံ၌ တိုက်ပွဲများဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။