သတင်း

၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက်နေ့ ပြုလုပ်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်ကြည်က ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

“လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ကို ရွေးကောက်ပွဲနေ့အဖြစ် ကြေညာချက် ထွက်သွားပါပြီ ” ဟု ပြည်ထောင်စု ရွေး ကောက် ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ တွင် နေပြည်တော်တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲ ရက် သတ် မှတ် ခြင်းနှင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည့် နေ့ရက်များနှင့် ပတ်သက် သော ကြေ ညာချက်များကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည့်အတွက် မကြာခင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရ သည်။

နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလ များအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အမည်စာရင်းကိုလည်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်၍ ၁၄ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင် ရုံးသို့ တင်သွင်းရမည်ဟု စုံစမ်းသိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲရက် သတ်မှတ်လိုက်ပြီ ဖြစ်သည့်အတွက် ပြည်သူများ ရွေးကောက် ပွဲတွင် မည်သို့၊ မည်ပုံ မဲပေးရမည် ဆိုသည့်အချက်များ အပါအဝင် မဲပေးမှုဆိုင်ရာ ပညာပေးမှုများ အသိ ပညာ ပေးရန် လိုအပ်ပြီဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

“ မဲဆွယ်စည်းရုံးမယ့် ရက်က စက်တင်ဘာ၊ အောက်တိုဘာ ဖြစ်သွားပြီဆိုတော့ သြဂုတ်လ ပထမအပတ်လောက်မှာ ကိုယ်စား လှယ်လောင်းအမည်စာရင်းတွေ တင်သွင်းနိုင်မှ ပြန်လည် စစ်ဆေးတာတွေ လုပ်နိုင်မယ်။ နောက်ပြီး မဲဆွယ် စည်းရုံးရေးရက် သတ်မှတ် ကြေညာတာရယ် လုပ်ရမယ်။ မဲပေးတဲ့ ပုံစံကို ဘယ်လို တရားဝင် ပေးရမလဲဆိုတာ မကြေညာ ပေးသေးဘူး။ မဲပေးတဲ့အခါ ဘယ်လိုလုပ်မှာလဲ တုံး ထု မှာလား၊ ဘောပင် သုံးမှာလား ဆိုတာ သေသေချာချာ ရှင်းရှင်း လင်းလင်း ကြေညာပေးရမယ်။ ကျနော့်အမြင် မဲပေးခွင့်နဲ့ ပတ်သက်ပြီး အပြောတွေနဲ့ ပြောတာမျိုးထက် ဥပဒေတခု ထုတ်ပြန် ပေးဖို့ လိုအပ်ပြီလို့ ကျနော်မြင်ပါတယ်” ဟု ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

ရွေးကောက်ပွဲရက် တိတိကျကျ ထွက်လာပြီ ဖြစ်သည့်အတွက် အငြင်းပွားဖွယ် ဖြစ်နေသည့် မဲစာရင်း မှန်ကန်ရေးကိုလည်း တိတိကျကျ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်လာပြီဟု နိုင်ငံရေး အသိုင်းအဝိုင်းက ရှင်းလင်းပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးမှုကာလကို တရားဝင်သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ဥပဒေ တွင်မူ ရက်ပေါင်း ၃၀ ဖော်ပြထားကြောင်း၊ သို့ရာတွင် နိုင်ငံရေးပါတီများ၏ တောင်းဆိုမှုကြောင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲဆွယ်စည်းရုံးမှုကာလကို ရက်ပေါင်း ၆၀ အထိတိုးမြှင့်ပေးမည်ဟု ကတိပြု ပြောဆို ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading