သတင်းတို

၀န်ကြီးဟောင်း ဦးအောင်သောင်း မူးလဲ၍ ဆေးရုံတင်ထားရ

This article has been converted from Zawgyi One to Unicode

aung-thaungကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သည့် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း ယမန်နေ့ည ၁၂နာရီခန့်က သွေးတိုးကာ ရုတ်တရက် မေ့လဲသွားသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ အရေးပေါ်ဌာနတွင်တက်ရောက် ကုသနေကြောင်း ယခုအချိန်အထိ သတိမရသေးကြောင်း၊ မိသားစုက စင်ကာပူနိုင်ငံတွင် သွားရောက်ကုသရန် စီစဉ်နေကြောင်း ဦးအောင်းသောင်းနှင့် နီးစပ်သူက ဧရာဝတီသို့ပြောသည်။ ဦးအောင်သောင်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် နီးစပ်သူဖြစ်ပြီး၊ သဘောထားတင်မာသူ တဦးဖြစ်သည်ဟု သတ်မှတ်ခံထားရသူဖြစ်သည်။

Loading