တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်ကို ရွေးကောက်ပွဲ မတိုင်မီ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လူထုသို့ လစဉ်ပြောကြားသည့် မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။ နောက်ဆုံးရရှိထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(မူကြမ်း) အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းပေးခဲ့ ကြသည့် ခေါင်းဆောင် အသီးသီးရဲ့ နိုင်ငံရေးစေတနာ ကို လေးစားကြောင်းလည်း ဖော်ပြထားသည်။ သမ္မတဦးသိန်းစိန်က ထိုသို့ပြောကြားသော်လည်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်တို့တွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားလျှက်ရှိသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စတင်ကြိုးပမ်းခြင်းသည် နိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံရေး အရွေ့တခုဖြစ်ပြီး၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ ကို သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများကျင်းပ နိုင်စေဖို့ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်သူများစီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ မျိုးဆက်သစ် လူငယ်များ အတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်သည် ဒုတိယ သက်တမ်းနှင့် ပတ်သက်၍ ပြည်သူများက ဆန္ဒရှိလျှင် ထည့်သွင်းစဉ်းစားမည်ဟု ဂျပန်သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။