သတင်းတို

ထိုင်းနိုင်ငံ၌ လမ်းကျွံကျ၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

This article has been converted from Zawgyi One to Unicode

Roadထိုင်းနိုင်ငံ ပထုန်ဌာနီ ပြည်နယ် နောင်ဆူရခရိုင် ကားလမ်းမတခု၌ ယနေ့နံနက် ၆နာရီခန့်က ရုတ်တရက် မြေကျွံကျသွားရာ အဆိုပါ လမ်းပေါ်တွင် မောင်းနှင်နေသည့် ၆ဘီးကားတစီး တိမ်းမှောက်သွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်၊ အဆိုပါ ကားလမ်းသည် ချောင်း၏ နံဘေးတွင် ရှိပြီး ရဲတပ်ဖွဲ့၏ တိုင်းတာချက်အရ မြေပြိုကျသည့် အနက်မှာ ၂ မီတာခန့် နက်ကြောင်း သိရသည်။ တိမ်းမှောက်သွားသော ကားမှာ ကုန်ပစ္စည်းများလိုက်လံ ဖြန့်ဝေသည့် ကားဖြစ်ပြီး  ကားမောင်းသူ၏ အဆိုအရ ကားမောင်းနေစဉ် လမ်းမမှာ ရုတ်တရက် မီတာ ၁၀၀ခန့် အက်ကွဲကြောင်းကြီးဖြစ်သွားကာ ကားမှာ ထိန်းချုပ်မရတော့ကြောင်း၊ အသက်အန္တရာယ်ထိခိုက်ခြင်းမရှိပဲ လွတ်မြောက်ခဲ့ကြောင်း ပြောသည်။ ထိုင်းနိုင်ငံတွင် မိုးခေါင်ကာ ချောင်းမြောင်းများ ရေခမ်းခြောက်နေသည့် မြစ်ချောင်းနံဘေးရှိ လမ်းများတွင် မြေပြိုမှု ဖြစ်နိုင်ကြောင်း မကြာသေးမီက သတိပေးထားသည်၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆာရာဘူရီနှင့် အယုဒ္ဓယတို့တွင် ကမ်းပါးပြိုကျကာ လမ်းပြိုမှုများ ဖြစ်ပွားခဲ့သေးသည်။

Loading